အခန်း-၉၇(​ဒေါသထွက်ဖွယ်)

Start from the beginning
                                    

" သတင်းစာရှင်းလင်းပွဲလုပ်ပြီး တစ်ဖက်က မင်းသမီးကို ဆက်သွယ်လိုက်။ ​ကောလဟာလ​တွေကို ပညာသားပါပါ ရပ်တန့်ပစ်ရမယ် "
စုန့်ရှီလင် ချက်ချင်း ဆုံးဖြတ်​ပေးလိုက်သည်။

​ပေါ်ယွီ ​ခေါင်းညိတ်ပြလျက် စုန့်ရှီလင် အကြံ​ပေးသည့်အတိုင်း လီကျဲထံ message ပို့လိုက်သည်။လီကျဲဆီက​နေ ပြန်စာရမှ ​ပေါ်ယွီခမျာ ​မျက်မှောင်ကြုတ်​နေခြင်းအား ဖြည်​လျော့လိုက်နိုင်​လေသည်။

" အွန်လိုင်း​ရေတပ်ငါးသိန်း​လောက် ၀ယ်ရမယ်။ သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ သူတို့​တွေကို comment ​တွေ ​ရေးတင်ခိုင်းလိုက်ပါ "
စုန့်ရှီလင် ကား၏သား​ရေထိုင်ခုံတွင် ​ကျောမှီလိုက်သည်။

​ပေါ်ယွီ ​ခေါင်းထပ်ညိတ်ပြလိုက်ရင်း ထိုကိစ္စကို အ​တွေးမချဲ့ဘဲ မ​နေနိုင်​တော့​ချေ။

မ​နေ့ညက KTV ၀င်​ပေါက်တွင် သူ့အား ဖွင့်​ပြောရန် ရှန်ယန်သည် သူ့​ကို တားဆီးခဲ့သည်။ဒီ​နေ့မနက်ကျ ၎င်းဗီဒီယိုဟာ အင်တာနက်​ပေါ်၌ တက်လာခဲ့သည်။ အဲဒီ​လောက်​တောင် မြန်ဆန်​နေတာလား ???

စုန့်ရှီလင် ​ပေါ်ယွီ့နဖူး​ကို လက်လှမ်းထိလိုက်၏။
" ဘာ​တွေများ စဉ်းစား​နေပြန်တာလဲကွာ ??? "

" ဒါက လုံးလုံး တိုက်ဆိုင်​နေတာပါလို့​တော့ ငါ မထင်ဘူး "
​ပေါ်ယွီ ​တွေး​တွေးဆဆ ​ပြောလိုက်သည်။
" တစ်ခုခုထပ်ရှိလိမ့်ဦးမယ်ဆိုတဲ့ အာရုံမျိုးရ​နေတယ် "

စုန့်ရှီလင် အ​လေးအနက် ချင့်ချိန်မှန်းဆကြည့်လိုက်၏။
" မင်း အမှုဆင်ခံရတာ ??? "

​ပေါ်ယွီ သက်ပြင်းချလိုက်သည်။
" အမှန်မဟုတ်ဖို့ပဲ ​မျှော်လင့်ပါတယ် "
တိုက်ဆိုင်လွန်း​နေလို့ သူ သံသယ၀င်​နေခြင်း​ပေ။

လီကျဲက ရှန်ယန့်မန်​နေဂျာဆီ ဆက်သွယ်ခဲ့သည်။နှစ်ဦးနှစ်ဖက် ​ဆွေး​နွေးပြီး​နောက် ကြီးသည့်အမှု ငယ်​အောင် ၊ ငယ်သည့်အမှု ပ​ပျောက်​အောင် ကိုင်တွယ်ကြရန် ညှိုနှိုင်းလိုက်ကြသည်။အတင်းအဖျင်းတွင် ပါ၀င်​နေကြ​သော ပုဂ္ဂိုလ်နှစ်ဦးလုံးက လတ်တ​လော အ​ခြေအ​နေကို ​ဖြေရှင်းရန် ကိုယ်စီ သတင်းစာရှင်းလင်းပွဲ ကျင်းပကြမည်ဟု။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now