ချီရှန် : [ဘာတွေပြောနေတာလဲ! ဘယ်သူက messageတွေကို ဓာတ်ပုံရိုက်ပို့တာလဲ?]

နင်မုန့် : [?? လုပ်တဲ့လူက နင် မဟုတ်ဘူးလား? တကယ်လို့ နင် မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ?]

ချီရှန်က ကလပ်ကို ရောက်လို့သွားသည်။ မကြာခင်မှာပဲ သူ မကြာခနရောက်လေ့ရှိတဲ့ ကိုယ်ပိုင်ခန်းကို ရှာတွေ့သွားလေ၏။ group chatထဲမှာ သူ့ကို နင်မုန့်ဆူထားတဲ့ စာတွေကိုဖတ်ရင်း ‌ဒေါသတို့ ထွက်လို့နေသည်။ စုယွဲ့ ၊ ဖေးပိုင် နဲ့ သူ  သုံးယောက် ပါဝင်တဲ့ အခြား group chatထဲနှိပ်လိုက်ပြီးနောက် messageပို့လိုက်လေ၏။

ချီရှန် : [ဘယ်သူက ဒီစာတွေကို screenshot ရိုက်ပြီး ဘော့စ်ဆီ သွားပို့တာလဲ? ယောက်ျားသာဆို အခုချက်ချင်း ၀န်ခံကြ။ ဘာလို့များ ငါ့တစ်ယောက်တည်းကိုပဲ သူမက ကြိမ်းမောင်းနေရတာလဲ? @စုယွဲ့ @ဖေးပိုင်]

စုယွဲ့ : [ငါ မဟုတ်ဘူးနော်]

ဖေးပိုင်က စာကို ဖြည်းဖြည်းချင်း ပို့လာသည် : [မင်း ပို့လိုက်တာပဲ]

ချီရှန် : [မင်းဖေကြီးပဲ ငါအဲ့လောက်ထိ ပျင်းမနေဘူး! ဘာလို့ ငါက အဲ့အကြောင်း ဘော့စ်ကို ပြောရမှာလဲ? ငါက မူလတန်း ကျောင်းသားလဲ မဟုတ်တော့ဘူး!]

ဖေးပိုင် : [ဘယ်သူ့ အဖေလဲ?]

ချီရှန်က နောက်ထပ် [မင်းအဖေကြီး ငါလေ!] ဆိုသော စာပို့ဖို့ ပြင်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် စုယွဲ့ရဲ့ messageမြင်တဲ့အခါ သူ့စာတို့ မပို့ဖြစ်တော့။

စုယွဲ့ : [အခုက ဘော့စ်လား ဖေးပိုင်လား?]

ဖေးပိုင် : [အင်း]

ချီရှန် ဆွံ့အလို့ သွားသည်။

သူ့စာတွေကို ချက်ချင်း ဖျက်ပစ်လိုက်ပြီး တခြားစာ ရေးလိုက်သည်။ [ဘော့စ်က ကျွန်တော့ရဲ့ အဖေပါ!]

ဖေးပိုင် : [messageတွေကို ဘယ်သူ screenshotရိုက်တာလဲ?]

ချီရှန် : [ကျွန်တော်ပါ! သေချာပေါက်ကို ကျွန်တော် ရိုက်ခဲ့တာပါ! ဘယ်သူမှ ငြင်းလို့ မရအောင်ကို ကျွန်တော်ပါ!]

ပြီးနောက်မှာတော့ ပြောနေကျ group chatထဲ ၀င်လိုက်ပြီး နည်းလမ်းတကျ စာရိုက်ပို့လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now