အခန်း-၉၄(သံသယ)

Start from the beginning
                                    

ရယ်ဟွမ် မီးစာ ထပ်ဖြည့်လိုက်၏။
" အဲဒီ​တော့ သူတို့က ​သေချာ​ပေါက် သူငယ်ချင်း​တွေ မဖြစ်နိုင်ဘူး "

" ​နောက်ပြီး bodyguard တချို့ကလည်း အဲဒီ​ယောကျ်ားနဲ့ ပါလာတယ်။ သူက အထက်တန်းလွှာတစ်​​ယောက် ဖြစ်​လောက်တယ် "

ဖုန်းနှင့်အတူ ဓါတ်​လှေကားထဲမှ ထွက်လာတဲ့ ​ပေါ်ယွီဟာ စုန့်ရှီလင်ကို တစ်ခုခု ​ပြော​နေ​သော ရယ်ဟွမ်အား ​တွေ့သည်နှင့်တစ်ပြိုက်နက် စိုးထိတ်သွားသည်။
ရယ်ဟွမ်က ဘာလုပ်ချင်​နေတာလဲ ???

" ရယ်ဟွမ် ၊ မင်းက ဘာလို့ ဒီမှာ ရှိ​နေတာလဲ ??? "
​ပေါ်ယွီ လက်ပိုက်လျက် သူ၏​အေးတိ​အေးစက် အကြည့်တစ်စုံက ရယ်ဟွမ်ထံ ရိုက်ခတ်လာသည်။

ရယ်ဟွမ် ခန္ဓာကိုယ်တစ်ခုလုံး ​တောင့်ခဲသွား၏။သူ စုန့်ရှီလင်အား မျက်စိတစ်ဖက်မှိတ်ပြကာ အပြုံးတုတစ်ခုဖြင့် ​ပေါ်ယွီဘက် လှည့်လိုက်သည်။
" ဘာရယ်မဟုတ်ပါဘူး။ ငါ အရမ်းအရမ်း ​လေးစားရတဲ့ ဥက္ကဋ္ဌစုန့်ကို လမ်းကြုံနှုတ်ဆက်​နေတာ "

" ​သြော် "   ​ပေါ်ယွီ ဂရုမစိုက်စွာ အသံပြုလိုက်သည်။

ရယ်ဟွမ် ခနဲ့တဲ့တဲ့ ရယ်​မောလိုက်၏။ယခု ​ပေါ်ယွီက သူ့အား မျက်နှာပျက်​အောင် လုပ်လုပ် ၊ မလုပ်လုပ် စိတ်မ၀င်စားအား​ပေ။သူ အဲဒီ​နေရာကို တန်းစွန့်ခွာလာခဲ့လိုက်သည်။

သူ့ရဲ့ပန်း​တိုင်က ​အောင်မြင်ပြီးပြီပဲဟာ။ ​ပေါ်ယွီကို ​​သောက်ဖက်လုပ်​မ​နေဘူး !!!

သူ ​ပြောခဲ့တာ​တွေကို စုန့်ရှီလင် အ​ရေးစိုက်သ​ရွေ့ စုန့်ရှီလင် သူ့ဘာသာသူ စုံစမ်းလိမ့်မယ်။ ​ပေါ်ယွီ သူ့ကို ဦးထုပ်စိမ်း​ဆောင်း​ပေး​နေတာ စုန့်ရှီလင် သိတဲ့တစ်​နေ့ အမျက်​ချောင်း​ချောင်းထွက်မှာ ​သေချာတယ်​လေ !!!

အဲဒီအချိန်ကျ ​ပေါ်ယွီလည်း ဆက်မ​ပျော်ရွှင်နိုင်​တော့ဘူး !!!

​ပေါ်ယွီ ရုတ်တရက် စိတ်မ​အေးသလို ခံစားလာရသည်။သူ စုန့်ရှီလင်ကို ​မော့ကြည့်၍ သတိကြီးကြီးထား ​မေးလိုက်သည်။
" ရယ်ဟွမ်က မင်းကို ဘာတဲ့လဲ ??? "

" ​ထွေ​ထွေထူးထူး မဟုတ်ပါဘူး "
စုန့်ရှီလင်က ​ပေါ်ယွီ့မျက်၀န်း​တွေကို ​ရှောင်ဖယ်လိုက်သည်။သူ ​ပေါ်ယွီ့အ​ပေါ် အကြွင်းမဲ့ ယုံကြည်သည်။သို့တိုင် ရယ်ဟွမ်ဟာ သက်​သေမရှိဘဲ ထိုကဲ့သို့ ​ပြောရန် သတ္တိရှိမည်မဟုတ်​ချေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now