အခန်း-၉၄(သံသယ)

Comenzar desde el principio
                                    

ဟိုတယ်ဧည့်​စောင့်ခန်းမတွင် အ​တော်ကြာရှိ​နေခဲ့သည့် ရယ်ဟွမ်က ​ပေါ်ယွီ ထွက်သွားပြီဆိုတာနဲ့ စုန့်ရှီလင်ထံ ခပ်သွက်သွက် ​လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ၊ ဥက္ကဋ္ဌစုန့်။ ကျွန်​တော်က ရယ်ဟွမ်ပါ "

" ဘာကိစ္စလဲ ??? "   စုန့်ရှီလင် ရယ်ဟွမ့်အား မျက်လုံးပင့်ကြည့်လိုက်၏။ရုတ်တရက်ကြီး ​ကောက်​ပေါ်လာတဲ့ ရယ်ဟွမ်ကို စုန့်ရှီလင် အ​ရေးတယူလုပ်မ​နေ။

ရယ်ဟွမ်က အသက်ပြင်းပြင်းရှိုက်ရှူ၍ ယခင် သူ ကြိုတင်စကားလုံးစီထားသည့်အတိုင်း မနားတမ်း ရွတ်​လိုက်သည်။
" ဟုတ်ကဲ့ ၊ ကျွန်​တော် ​သူ​တော်​ကောင်း​ယောင်​ဆောင်နေတဲ့ ​ပေါ်ယွီရဲ့ သရုပ်မှန်ကို ​ပြောပြမလို့။ ​ပေါ်ယွီ သူ ​လှေနံနှစ်ဖက်နင်း​နေတာ !!! "

စုန့်ရှီလင်၏မျက်နှာက ရုတ်ခြည်း ​လေးနက်တင်းမာသွားသည်။
" . . . . . . . . . . "

" တရုတ်ရိုးရာနှစ်ကူးပွဲ​တော်မတိုင်ခင် The Southwest TV ရဲ့ ​နွေဦးပွဲ​တော်​ပျော်ရွှင်ပွဲကို ​ပေါ်ယွီ အဖိတ်ခံခဲ့ရတယ် ၊ ဟုတ်တယ်မလား ??? အဲဒီညက သူ ​နွေဦးပွဲ​တော်မှာ အစီအစဉ် ရိုက်ကူးခဲ့တယ်။ ဒါ​ပေမယ့် မနက်တစ်နာရီ​လောက်မှာ ​ပေါ်ယွီ့ကို ​ယောကျ်ားတစ်​ယောက်က ဟိုတယ်အခန်းထဲ ချီ၀င်သွားတာ ကျွန်​တော် တပ်အပ် မြင်ခဲ့တယ် " 
ရယ်ဟွမ်က ဆက်တိုက် ​ပြော​နေသည်။

စုန့်ရှီလင် လက်သီးကျစ်ကျစ် ဆုပ်လိုက်မိ၏။သူ ရယ်ဟွမ်အား ​အေးစက်ခက်ထန်စွာ ကြည့်​နေသည်။
" မင်း ဘာအဓိပ္ပါယ်လဲ ??? "

အ​မှောင်ရိပ်​အောက်က bodyguard ​တွေဟာ အသင့်အ​နေအထားဖြင့် အ​ခြေအ​နေကို အကဲခတ်​နေကြသည်။

" ကျွန်​တော်က ဥက္ကဋ္ဌစုန့်ကို လာဇယားရှုပ်​နေတာ မဟုတ်ပါဘူး။ ခင်ဗျား လိမ်လည်​ဖောက်ပြန်ခံ​နေရတာကို မမြင်ရက်ရုံပါ "
ရယ်ဟွမ် ပြုံးလိုက်သည်။သူက မတုန်မလှုပ် ​ပြော​နေပုံရ​သော်လည်း ရယ်ဟွမ့်နှလုံးကမူ တဒိန်းဒိန်း ​ဆောင့်ခုန်​နေသည်။

စုန့်ရှီလင်က သူ့ကို မယုံရင် ဘာဆက်လုပ်ရမလဲ ???

ရယ်ဟွမ်က အင်မတန် စိတ်လှုပ်ရှားဂယက်ထ​နေသည့်တိုင် မျက်နှာထက်၌ တည်ငြိမ်​သော အမူအရာအား ထိန်းသိမ်းထားသည်။သူ အခိုင်အမာ ဆိုလိုက်သည်။
" အဲဒီအချိန်တုန်းက ​ပေါ်ယွီ အရက်မူး​နေတယ်ထားဦး ၊ သူတို့နှစ်​ယောက်က မိတ်​ဆွေ​တွေဆိုရင် ပေါ်ယွီ့ကို ဟို​ယောကျ်ားက အခန်းဆီ ​ပွေ့သယ်သွား​ပေးမှာမဟုတ်ဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora