အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။

Start from the beginning
                                    

ဝမ်းနည်းမှု ၊ ပူဆွေးမှုများသာ ရှိသော ထိုသူတို့နှစ်ဦးကြား အရင်ကထက်ပို၍ အသက်ကြီးလာသော ဝမ်အဖေကို ကြည့်နေရင်း ကုယျန်ရှန်း ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော့်အမှားမှန်း ကျွန်တော် သိပါတယ်။ ... သူပြန်ပြီးသတိရလာတာနဲ့ ကျွန်တော် ဆိုတာ မရှိစေရတော့ပါဘူး။ သူ့ မျက်စိရှေ့ ဘယ်သောအခါမှ ပေါ်မလာစေရတော့ပါဘူး...။"

"ငါ ယုံမယ် ထင်လို့လား။ " အဖေဝမ်က သူ့ရှေ့တွင် ဒူးထောက်ထားသော ကုယျန်ရှန်းကိုကြည့်ပြီး ပြတ်ပြတ်သားသား မေးလိုက်သည်။

"မင်းက ဘယ်တော့မှ အမှန်ကိုမပြောဘူး။ အခုထွက်သွားတော့ .. ဆေးရုံမှာ မင်းမျက်နှာကို ငါ ထပ်မမြင်ရစေနဲ့။ "

ခွဲစိတ်ခန်းမှ ဆရာဝန်လည်း ထွက်လာပြီး ဝမ်နျဲ့နျန်၏အခြေအနေ တည်ငြိမ်ပြီ ဖြစ်ကြောင်း ပြောပြီးနောက် အထူးကြပ်မတ်ဆောင်သို့ လူနာကို ပြန်ရွှေ့သွားခဲ့သည်။

ထိုအခါမှ စိတ်သက်သာရာရစွာ ကုယျန်ရှန်း သက်ပြင်းချနိုင်ပြီး ဒူးထောက်နေရာမှ အမြန်ထကာ ဝမ်နျဲ့နျန်၏ အခြေအနေကို စစ်ဆေးရန်ပြင်လိုက်သည်။ သို့ပေမယ့် အဖေဝမ်က သူ့ကို တားခဲ့သည်။

"မင်း သူ့ကို အသက်ရှင်စေချင်သေးတယ် ဆိုရင် သူ့ရဲ့ အဝေးမှာနေ။ !" ပြောပြီးနောက် အဖေဝမ်က ဆရာဝန်နှင့် အတူ ထွက်သွားခဲ့သည်။

ကုယျန်ရှန်းတစ်ယောက်တည်း ထိုနေရာ၌ မလှုပ်မယှက်ဘဲ ရုပ်ထုတစ်ခုပမာ ငြိမ်သက်၍ အချိန်အကြာကြီး ရပ်နေခဲ့သည်။ အရာရာ လစ်ဟင်းနေသလို ခံစားချက်များဖြင့် ခုံတန်းလေးတွင် ထိုင်နေခဲ့ပြီး မှောင်ရီပျိုးချိန်မှ ပြန်သွားခဲ့သည်။

__

နောက်တစ်နေ့၌ ဆေးရုံအုပ်နှင့် တွေ့ဖို့ ကုယျန်ရှန်း ဆေးရုံသို့ ရောက်လာခဲ့သည်။ ဝမ်နျဲ့နျန်ကို ကုသဖို့ Z နိုင်ငံရှိ အကောင်းဆုံးသော ဆရာဝန်အသင်းနှင့် ဆက်သွယ်ချိတ်ဆက်ခဲ့ပြီး အရာအားလုံးကို အစီအစဉ်ချခဲ့ပြီးနောက် လူနာဆောင်သို့ သွားပြီး တစ်ချက်ကလေးပင် မကြည့်ဘဲ တိတ်တိတ်ဆိတ်ပင် ပြန်သွားခဲ့သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now