အခန်း-၉၂(ပြသာနာရှာခြင်း)

Start from the beginning
                                    

" သား​လေး ၊ မင်း ​သေချာ မသိပါဘူးကွာ။ ​ယောကျ်ား​လေးတစ်ယောက် ပိုက်ဆံရှာဖို့ အလုပ်လုပ်တဲ့ နာရီအ​ရေအတွက်က အဲဒီလူရဲ့ အချစ်​ရေး ၊ အိမ်​ထောင်​ရေး ၊ ဂုဏ်သိက္ခာ အဲဒီလိုအရာမျိုး​တွေကို ကိုယ်စားပြု​ဖော်ပြတယ် "

​ပေါ်ယွီက ဖရဲသီး​လေးကို ဆန်ပြုတ်အားလုံး ဂရုတစိုက် ခွံ့​ကျွေးခဲ့သည်။ထို့​နောက် ​ဖရဲသီး​လေးကို ရေချိုးသန့်စင်​ပေးပြီး အိပ်ရာဆီ ​ပွေ့ချီ​သွားလိုက်သည်။
" အိပ်​တော့ ၊ ပါးပါး ဒီမှာ အမြဲရှိတယ် "

ဖရဲသီး​လေးရဲ့မျက်လုံး​တောက်​တောက်​လေး​တွေက ​ပေါ်ယွီထံပါးမှ မခွာ​ပေ။က​လေး​လေးက မ​ပျော်မရွှင် နှုတ်ခမ်း​လေးစူပုတ်လိုက်၏။
" ဖရဲသီး​လေး နိုးလာတဲ့အချိန် ပါးပါးကို တန်းမြင်ရမှာလား ??? "

" ဒါ​ပေါ့ "

" ဖရဲသီး​လေး နိုးလာတဲ့အချိန် ပါးပါး ဖုတ်​ပေးတဲ့ ပန်ကိတ်​တွေကို​ရော စားရမှာလား ??? "

" ဒါ​ပေါ့ "

" ဖရဲသီး​လေး နိုးလာတဲ့အချိန် သား . . . . . . . . "

" ​တော်ပြီ "   ​ပေါ်ယွီက နတ်သမီးပုံပြင်စာအုပ်တစ်အုပ်ကို လှပ်လိုက်သည်။သူ လည်​ချောင်းရှင်း၍ ဖရဲသီး​လေးအား ​ချော့​မော့လိုက်လေသည်။
" စကား​တွေမများနဲ့​တော့။ ပါးပါး ပုံပြင်ဖတ်ပြမယ် "

" ​ကောင်းပါပြီ ၊ ​ကောင်းပါပြီ။ ပါးပါးက ဘယ်လိုပြသာနာရှာရမယ်မှန်းသိတဲ့ က​လေးဆိုး​လေးပဲ ၊ ဟင်း . . . "
ဖရဲသီး​လေးက ကူကယ်ရာမဲ့ဟန်​လေးနှင့် သက်ပြင်းချလိုက်သည်။

​ပေါ်ယွီ : " . . . . . . . . "

ဖရဲသီး​လေးက ​​စောင်ပုံကြီးထဲတွင် ​ခွေလျက် ငြိမ်ငြိမ်​လေး ပုံပြင်နား​ထောင်​နေသည်။မကြာမီ က​လေး​လေးက နှစ်နှစ်ခြိုက်ခြိုက် ​အိပ်​မောကျသွားခဲ့၏။

ဖရဲသီး​လေးကို အိပ်​ပျော်​အောင် သိပ်ခဲ့ပြီး​သော် ​ပေါ်ယွီ စိတ်သက်သာရာရစွာ အခန်းထဲက​နေ တိုးတိုး​လေး ​ချွတ်နင်းထွက်လာခဲ့သည်။​ပေါ်ယွီမှာ သူ့အိပ်ခန်းသို့ အမြန်ဆုံး ချီတက်ရပြန်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now