"သူက ငါ့ယောက်ျားနဲ့ တူနေတာမဟုတ်ဘူး။ နင်ကိုက ငါ့ယောက်ျားကို ကြည့်နေတာ"

"!?"

ဟော်ပေ့ချန်က တချက်ကြည့်လိုက်ပြီး သူမကို လုံးလုံး လျစ်လျူရှူချင်ပေမယ့် စုယွဲ့ပေးဖူးတဲ့ 'မိန်းကလေး တစ်ယောက်ကိုလိုက်နည်း ၁၀၁ချက်' ကို ရုတ်တရက် သတိရသွားသည်။ ထိုထဲမှ တချက်က ကိုယ်ချစ်တဲ့ ကောင်မလေးရဲ့ သူငယ်ချင်းတွေအပေါ် ကောင်းကောင်းဆက်ဆံရမည် ဆိုတာပင်။ ဒါကြောင့်ပဲ သူ့ရဲ့ စိတ်မရှည်မှုကို ကြိုးစားဖိနှိပ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ "တွေ့ရတာ ၀မ်းသာပါတယ်"

"…"

ကျန်းရှန့်မေရဲ့ ခန္ဓာကိုယ်က သူမ ခုံပေါ်မှာတင် မတ်မတ် ပြန်ဖြစ်သွားသလို အကြည့်တို့က စင်ဆီသို့ ရောက်သွားလေ၏။ "နင်မုန့် ငါလေ ရုတ်တရက်ကြီး သတိရသွားတာ ရှိလို့....."

'ဒီအခြေအနေကြီးက ထွက်ပြေးလို့ရအောင် ငါ ဘာပြောရပါ့မလဲ'

ကျန်းရှန့်မေက ဉာဏ်နီဉာဏ်နက် သုံးတာနဲ့ ပတ်သက်လာရင် ဘာမှ မသုံးနိုင်အောင်ထိ တုံးအလွန်းသည်။ တခန တွေးတောလိုက်ပြီးနောက် မှာတော့ သူမရဲ့ ဗိုက်ကို ဖိလိုက်ရင်း "ငါ့ဗိုက်အောင့်နေတာ သတိရသွားလို့"

"??"

ကျန်းရှန့်မေက ဆက်ပြောလိုက်သည်။ "ငါ သန့်စင်ခန်း သွားဖို့လိုနေပြီ!"

နင်မုန့်ကတော့ အလောတကြီး ထွက်ပြေးသွားတဲ့ သူမကို နှုတ်ခမ်းတို့ စုကျုံ့ထားရင်းသာ ကြည့်လိုက်သည်။ ထိုအချိန်မှာလည်း နောက်ဆုံးသီချင်းက ပြီးသွားပြီ ဖြစ်လေ၏။ စင်ပေါ်မှ အခမ်းအနားမှူးက ယနေ့အတွက် ပြိုင်ပွဲကို အပိတ်စကားပြောလိုက်သလို ပွဲထဲမှ လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြလေ၏။

ဟော်ပေ့ချန်ကတော့ လုံးလုံး မလှုပ်လာတာမို့ နင်မုန့်က‌လည်း မလှုပ်ရဲပေ။ VIP ဧရိယာမှ လူတွေကလည်း ထွက်သွားကြပြီ ဖြစ်တာမို့ သူမတို့ နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ တစ်ခုခု အမှားလုပ်ထားခဲ့သည့် ကလေးတစ်ယောက်နှယ် နင်မုန့်က ခေါင်းငိုက်စိုက်ချထား၏။ သူမ အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ သူမ ဖုန်းကို ကြည့်လိုက်တော့ ကျန်းရှန့်မေ ပို့ထားတဲ့ WeChatမှ စာကို မြင်လိုက်ရသည်။ [ငါ နင့်ကို ဒီထိပဲ ကူညီပေးနိုင်မယ်!]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now