Chapter(41) - Extra

2K 273 10
                                    

Unicode

အခန်း(၄၁) - Extra: Proposal

မေလတစ်ရက်၊ ည ၉ နာရီ ၅ မိနစ်၊

စွန်းကျီနန် ရေချိုးခန်းမှ ထွက်လာသည့် အချိန်တွင် သူ့ဖုန်း မြည်နေသည်ကို သတိပြုမိလိုက်သည်။ သူလှမ်းကြည့်လိုက်တော့ ဖုန်းခေါ်ဆိုသူက ထန်းခိုင် ဖြစ်နေသည်ကို မြင်လိုက်ရတာကြောင့် ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်၏။

"ဟယ်လို?"

တုံ့ဆိုင်းနေသည့် အမျိုးသမီး တစ်ယောက် အသံ ထွက်ပေါ်လာသည်။

"......ဟယ်လို?"

စွန်းကျီနန်: ?

အသံက တုန်တုန်ယင်ယင်ဖြစ်နေကာ ရယ်ချင်စိတ်ကို ထိန်းထားသလိုမျိုး သဘာဝမကျ ဖြစ်နေလေသည်။

"ခွင့်ပြုပါရှင့်, ရှင်က ပါမောက္ခထန်းရဲ့....အင်း...ချစ်ရသူ ဘေဘီ သစ်သီးလေးလား?"

စွန်းကျီနန်, "..."

ထန်းခိုင်, အရှက်မရှိတဲ့ သဲပန်းပုရုပ်ကောင်။ ဒီလောက် ရှက်စရာကောင်းတဲ့ နာမည်ပြောင်ကို တိတ်တိတ်လေး ပေးထားတာကို မေ့ထားလိုက်ဦး သူက တခြားသူတွေရဲ့ လက်ထဲတောင် ထည့်ပေးထားသေးတယ်။ အကယ်၍ စွန်းကျီနန်သာ သူဘယ်လို လူမျိုးလဲ မသိဘူးဆိုရင် ဒါကို အင်တာနက် troll တစ်ချို့လို့တောင် တံဆိပ် ကပ်မိလိမ့်မယ်

"ကျွန်တော်က ထန်းခိုင်ရဲ့ ကောင်လေးပါ"

စွန်းကျီနန်သည် သူ့ကိုယ်သူ ထိုစာမျက်နှာမှ တွန်းထုတ်လိုက်ပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။

"ဘာလို့ ဖုန်းက ခင်ဗျားဆီ ရောက်နေတာလဲဗျ?"

"အိုး, အိုး....."

အမျိုးသမီးက ကမန်းကတန်း ပြောသည်။

"ဒီလိုပါ, ဒီနေ့ ကျွန်မတို့ အပြင်မှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ညစာ စားကြတာလေ ယောကျာ်းလေးတွေအကုန် အမူးလွန်နေကြလို့ပါ။ သူဘယ်မှာနေတာလဲ ဆိုတာလည်း ကျွန်မတို့ မသိလို့လေ လာခေါ်ပေးလို့ ရမလားရှင့်? "

စွန်းကျီနန်က သက်ပြင်းပိစိလေး ချလိုက်ကာ

"ဟုတ်ကဲ့ နားလည်ပါပြီ။ ကျွန်တော့်ကို လိပ်စာပို့ပေးလိုက်ပါနော် မကြာခင် လာခဲ့ပါမယ်။ ဒုက္ခပေးမိပါပြီ"

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now