Chapter(2)

2.5K 353 4
                                    

Unicode

အခန်း(၂) - အတုအယောင်တွေ

စွန်းကျီနန်က သတိမပြုမိစွာပင် သူ့မျက်လုံးများကို ကျဉ်းမြောင်း၍ သူ့ကျောကို ဖြောင့်မတ်လိုက်ကာ ခါးကိုမတ်မတ်ထားလိုက်သည်။ ထို့နောက် သူ့ခန္တာကိုယ်အား နောက်ဘက်သို့ အနည်းငယ် စောင်းလိုက်လေသည်။ ၎င်းသည် လုံးဝကို မသိစိတ်ကနေ ခုခံမှု ပုံစံဖြစ်သည်။

ယွီလျှောင်က ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။

"Boss, ဒါက ထန်းခိုင်, ဒါမှမဟုတ် ပါမောက္ခထန်းပါ, ပါမောက္ခထန်း, ဒါက ကျွန်တော်တို့ ဒါရိုက်တာစွန်းပါ"

ထန်းခိုင်က 'အင်း' ဟုသာ အသံတစ်ချက်ပေးလိုက်ပြီး သူ့အကြည့်က စွန်းကျီနန်ဆီ ရောက်သွားသည်။

သူ့တစ်ကိုယ်လုံးကနေ ထူးခြားထက်မြက်လှတဲ့ ပြင်းထန်မှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက စွန်းကျီနန် စိတ်ကူးထားသည့် ပညာရှင်တစ်ဦး ပုံစံမျိုးထက် ကျော်လွန်ပြီး လွန်စွာ ရန်လိုမှုတစ်ခု ဖြစ်နေသည်။ စွန်းကျီနန်က ထိုလူအား အလျော့မပေးတတ်သည့် လူတစ်ယောက်အဖြစ် အလိုလို အမျိုးအစား ခွဲလိုက်သည်။ သူက မျက်ခုံးကို ပင့်လိုက်ပြီး မတ်တပ်ထရပ်၍ လက်ကမ်းပေးလိုက်လေသည်။

"မင်္ဂလာပါ ပါမောက္ခထန်း, ကျွန်တော်က စွန်းကျီနန်ပါ, ခင်ဗျားအကြောင်း အများကြီး ကြားဖူးထားပါတယ်"

ထန်းခိုင်က အလွန်အရပ်ရှည်သည်။ သူက အနည်းဆုံး 1.9m လောက်ရှိသည်။ 1.8mသာ ရှည်သည့် စွန်းကျီနန်က သူ့ရှေ့မှာ ရပ်လိုက်တဲ့အချိန် သတိပြုမိလောက်အောင်ပင် ပိုပုသွားသည်လေ။ စွန်းကျီနန်က သူ့ကို အရွယ်တိုင်းနေတုန်းမှာ ဒီပါမောက္ခရဲ့ အကျင့်စရိုက်နဲ့ ပတ်သတ်ပြီး အခြေခံ မှန်းဆချက် အနည်းငယ် ပြုလုပ်ပြီးနေလေပြီ။

ထန်းခိုင်က စွန်းကျီနန်ရဲ့လက်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာပြောလာသည်။

"ခင်ဗျားတွေးထားသလိုတော့ မဟုတ်ပါဘူးဗျာ, Mr စွန်း, ကျေးဇူးပြုပြီး ထိုင်ပါဦး တစ်ခုခုသောက်ချင်သေးလား?"

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now