Chapter(7)

1.7K 310 8
                                    

Unicode

အခန်း(၇) - နွေဦးရာသီ အပန်းဖြေခရီး

စားပွဲက ကောင်းကောင်းမွန်မွန် အဆုံးမသတ်နိုင်ခဲ့ဘူး။

ထိုနေ့ပြီးကတည်းက စွန်းကျီနန်သည် မြှုပ်နှံထားသည့် ခံစားချက်များကို လှုံ့ဆော်ပေးမိမှာ စိုးရိမ်တာကြောင့် အချိန်အတော်ကြာသည်အထိ Fight the Landlord အား မထိတော့ပေ။ ထန်းခိုင်ကလည်းသူ့ကို WeChat မက်ဆေ့ခ်ျအသစ် မပို့တော့ဘူး။ ရှဲ့ကျွော်က မေလကုန်ပိုင်းလောက်မှာ အပန်းဖြေစခန်းတစ်ခုတွင် အသားကင်စားကြဖို့အတွက် အဖွဲ့များဖွဲ့ရန် အပြင်းအထန် စီစဉ်တော့သည်။ သူက စွန်းကျီနန်အား ခေါ်လိုက်ပြီး ထိုအချိန်မှသာ ထန်းခိုင်ရဲ့နာမည်ကို နောက်တစ်ဖန် ပြန်ကြားရသည်။

"ဒေါ်လေးဟောင်း, မင်းလာမှာလား?" ရှဲ့ကျွော်ကအံ့သြတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်နေသည်။

"ငါထန်းခိုင်ကို ဆက်သွယ်လိုက်တယ်သိလား ဒါပေမဲ့ သူ့အသံက ဘာဖြစ်လို့ စိတ်အားထက်သန်မှု ရှိမနေရတာလဲ? မင်းတို့နှစ်ယောက်ကြားထဲ ဘာဖြစ်ထားလို့လဲ?"

စွန်းကျီနန်က ပြန်ဖြေသည်။

"ဘာမှမဖြစ်ပါဘူး, သူသေသေချာချာ စဉ်းစားနေတာ ဖြစ်မှာပေါ့"

တကယ်တမ်းမှာ သူက ထန်းခိုင်အား သူ့ရဲ့ ဇာတ်လမ်းအပြည့်အစုံကို ပြောပြဖို့အတွက် စိတ်အားထက်သန်လွန်းနေခဲ့တာမဟုတ်ပဲ သူရဲ့အမွေဆက်ခံမှု ပြဿနာကိုလည်း မပြောချင်ခဲ့ပေ။ အကြောင်းပြချက်က အရေးမကြီးဘူး ရလဒ်ကပဲ အရေးကြီးတာ

ဆိုရိုးစကားတစ်ခွန်းလိုပေါ့ 'ဆက်ဆံရေးတစ်ခုကို လွှတ်ချခဲ့ဖို့ထက် အလိုက်သင့်နေထိုင်လိုက်တာက ပိုလွယ်ကူတယ်'တဲ့,  သူတို့သာ အတူတူ နေနိုင်ပြီး သူတို့နှစ်ယောက်ကြားက အမွေတွေကို ခွဲဝေယူနိုင်သ၍ သူ့ကိစ္စတွေကို ဖုံးကွယ်ထားရင်ရော ဘယ်လောက်များ အရေးပါမှာမို့လို့လဲ?

ဒါပေမဲ့ စွန်းကျီနန်က အရုပ်ဆိုးလှတဲ့ အသေးစိတ်အချက်အလက်တွေကို အရင်ထုတ်ပြောတတ်တဲ့ အလေ့အကျင့်ရှိသည်။ တစ်ဖက်လူကို မကျေမနပ်ဖြစ်နေရင်တောင် နောက်ပိုင်းမှ အကြောင်းတွေပေါ်လာပြီး နှစ်ယောက်သား ကွဲကွာရတဲ့ကိစ္စ ဖြစ်လာတာထက်စာရင် အရင်ဆုံး အကုန်ဖွင့်ပြောထားတာက ပိုကောင်းသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now