Chapter(20)

1.4K 257 11
                                    

Unicode

အခန်း(၂၀) - မြေခွေးနှင့်သားရဲ

စွန်းကျီနန်ရဲ့ မျက်လုံးလေးများက တစ်ဝက်မှေးမှိတ်နေပြီး အနီရောင် ဒဏ်ရာများအား တစ်ခုခြင်းဆီ လိုက်နမ်းလေသည်။ ရုတ်တရက် သူ့နှလုံးသားထဲက အခွံမာကြီးက တစ်စစီကျိုးပဲ့သွားသလိုမျိုး အပိုင်းပိုင်းအစစ ပဲ့ကြွေကာ ဖုန်မှုန်နဲ့ ပြာမှုန်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းသည် သူ၏ အနက်ရှိုင်းဆုံး ဆန္ဒအားလုံးကို သိမ်းဆည်းထားခဲ့သည့် ယခင်က လျှို့ဝှက်ထားသော သေးငယ်လှသည့် ထောင့်လေးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

"နောက်တစ်ခေါက်ဆို ကိုယ့်ကိုကိုယ် အတင်းအကြပ် မလုပ်နဲ့"

သူက ထန်းခိုင်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"မင်းရဲ့ခံစားချက်တွေကို ငါလက်ခံလိုက်ပြီ"

ထန်းခိုင်က အက်ရှစွာနဲ့ ပြန်ဖြေမိသည်။

"ကိုယ်...."

"ငါတကယ် စိတ်မကောင်းဖြစ်တယ်" စွန်းကျီနန်က ဖြတ်ပြော၏။

"ဘယ်လိုတန်ဖိုးကြီးတဲ့ လက်ဆောင်ကမှ မင်းရဲ့ နာကျင်မှုအတွက် ပြန်မဖြည့်ဆည်းပေးနိုင်ဘူး"

တောက်ပတဲ့ မှတ်ဉာဏ်တစ်ခုကို ပြုလုပ်ဖို့က သေချာပေါက် အရေးကြီးတယ် ဆိုပေမယ့်လည်း ထန်းခိုင်ဆိုတာကတင် သူ့အတွက် အလင်းရောင်ထွန်းညှိပေးတဲ့ သူတစ်ယောက် ဖြစ်နေပြီးသားပဲလေ။

ပါမောက္ခထန်းရဲ့ လက်က စွန်းကျီနန်၏ ဆုပ်ကိုင်မှုအား ခံထားရသည်။ သူ့မှာပြောစရာ ဘာစကားမှ မရှိတာကြောင့် ထိုလူရဲ့ နှုတ်ခမ်းကို ပိတ်ဆို့ရန်သာ သူ့ခေါင်းကို ငုံ့ချလိုက်တော့လေသည်။

ဒါသည် သူတို့ရဲ့ တကယ့် ပထမဆုံး အနမ်းအစစ် ဖြစ်သည်။ ရွရွလေး နမ်းတာ မဟုတ်သလို ပရောပရည်လုပ်သလိုမျိုး စနောက်ကျီဆယ်တာလည်း မဟုတ်ပဲ နှစ်ယောက်လုံးကို မီးမြှိုက်ပေးနိုင်တဲ့ လေးလံတဲ့ အနမ်းတစ်ခု။

စွန်းကျီနန်က ပထမတော့ အံ့အားသင့်သွားသော်လည်း သူပြန်လည်တုန့်ပြန်လိုက်တာနဲ့ ချက်ချင်းပင် ထန်းခိုင်ရဲ့ ရှပ်အကျီၤ ကော်လံအား ဆွဲချကာ ဦးဆောင်တော့လေသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now