Chapter(14)

1.4K 269 14
                                    

Unicode

အခန်း(၁၄) - ဘီယာဘဲသားဟင်းနဲ့မူးသွားခြင်း

ပါမောက္ခထန်းက ဆိတ်ငြိမ်ပြီး ကျိုးနွံသည့် လူတစ်ယောက်ဟု မယူဆနိုင်ပေ။ သူက အရေးကြီးတဲ့ အချိန်များဆို အရမ်းပွင့်လင်းသည်။

စွန်းကျီနန်က သူ့အဖြေကြောင့် ထိတ်လန့်သွားရပြီး အလေးအနက် ပြန်မေး၏။

"ငါက မင်းကို ပညာတတ်ကြီးလို့ ထင်ခဲ့တာ....လူစိမ်းအုပ်စုနဲ့ ဆက်ဆံဖို့ အဆင်မပြေ မဖြစ်ဘူးလား?"

ထန်းခိုင်က သူ့မေးခွန်းအား စိတ်ထဲမထားပေ။

"အဲ့ဒါက မင်းမိသားစုလေ သူစိမ်းတွေမှ မဟုတ်တာ"

"ငါမင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်..... သူတို့က ငါ့မိသားစု ဆိုတာနဲ့ပဲ သူတို့က ဖော်ရွေမယ်လို့ မဆိုလိုဘူး"

ထန်းခိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"စိတ်မပူနဲ့, အဆိုးဆုံးမှ ကိုယ်သူတို့ကို မျိုးရိုးဗီဇ သုတေသနက အသက်ရှည်အောင် ဘယ်လိုကူညီပေးနိုင်လဲ ဆိုတဲ့ သင်ခန်းစာကို ပြောပြလိုက်မယ်, ကိုယ်ပြောမယ်, အဲ့ဒါကို လေ့လာရတာမကြိုက်တဲ့ လုပ်ငန်းရှင်ဆိုတာ မရှိဘူး, ဒါက သေချာတဲ့ အောင်ပွဲခံ အစီအစဉ်ပဲ"

စွန်းကျီနန်, "..."

သောက်ကျိုးနည်း, ဒီလူက ဘီယာဘဲသားဟင်း စားပြီးတော့လည်း မူးနိုင်တာပဲ

သူက ထန်းခိုင်ရဲ့ ပေါက်ကရစကားတွေကို ဆက်နားမထောင်တော့ပဲ လှည့်ထွက်သွားတော့သည်။

ထိုညနေခင်းမှာ နှစ်ယောက်သား ဧည့်ခန်းထဲမှာ အတူတူနေပြီး ချယ်ရီသီးတစ်ပန်းကန်နဲ့ ငြိမ့်ကြ၏။ စွန်းကျီနန်က Email အနည်းငယ်အား ပြန်ဖြေနေပြီး ထန်းခိုင်ကတော့ ကြုံရာ မှတ်တမ်းရုပ်ရှင် တစ်ပုဒ်ကို နောက်ခံအဖြစ် ဖွင့်ရင်း ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်အား ဖတ်နေသည်။

ဒါသည် အရွယ်ရောက်ပြီး သူများရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ကမ္ဘာကြီးဖြစ်ပြီး အချင်းချင်း နှောင့်ယှက်မှုမရှိပေ။ နောက်ထပ်လူတစ်ဦး ရှိနေသည့် တည်ရှိမှုက တိုက်ခန်းကြီးအား မတူညီတဲ့ သက်ဝင်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပုံရသည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now