Chapter(17)

1.5K 250 9
                                    

Unicode

အခန်း(၁၇) - စောစောသိတယ် ဆိုတဲ့သဘောက စောစောကုလို့ရတယ် ဆိုတာပဲ

ပထမ နှစ်ပိုင်းကို ပြောနေတဲ့အချိန်မှာ စွန်းကျီနန်က အတော်လေး စိတ်လှုပ်ရှားသွားမိတာပင် ; နောက်ကလိုက်လာတဲ့ ပေါက်ကရစကားများကို ကြားပြီးနောက်မှာတော့ အေးစက်စက်ဖြင့်သာ ပြတ်သွားစွာ မှတ်ချက်ချလိုက်သည်။

"ပါမောက္ခထန်း, ခင်ဗျားက တကယ်ပြောရဲတယ်နော်"

သူ့လေသံက အတော်လေး ခြိမ်းခြောက်သလိုဖြစ်နေပေမယ့် တစ်ဖက်လူရဲ့ ရင်ခွင်ထဲကနေ ပြောလာတဲ့အခါမှာတော့ သက်ရောက်မှု သိပ်မရှိတော့ဘူးလေ။

ထန်းခိုင်က ခပ်နိမ့်နိမ့် ရယ်မောလိုက်သည်။

"မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ဆိုရင် မြန်မြန်တောင် ပြေးလို့မရဘူးလေ, မင်းအတွက် လျှပ်စစ်ကားမှ မခိုးပေးရရင် စိတ်ချနိုင်မှာမဟုတ်ဘူး"

"ငရဲကိုသွားလိုက်တော့"

ထန်းခိုင်ရဲ့ ကိုယ်က နွေးထွေးခြောက်သွေ့တဲ့ သစ်သားနံ့လေး ရနေသည်။ ထိုကိုယ်သင်းနံ့က သူ့ရဲ့ စွဲမက်ဖွယ်ရာ အမှတ်အသားတစ်ခုဖြစ်လာပြီး တစ်ခြားသူများအား ဖော်ပြ၍မရနိုင်သော လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။

အရင်တုန်းက စွန်းကျီနန်သည် တစ်ခြားသူကို အားကိုးဖို့ မစဉ်းစားဘူးပေ။ အများအားဖြင့် သူကသာ မှီခိုအားကိုးခံရသူ ဖြစ်ခဲ့သည်။ ရှုပ်ထွေးပွေလီသော မိသားစုဆက်ဆံရေးနှင့် အလုပ်များသည် သူ့အား ဝန်ထုပ်ဝန်ပိုးများကို တစ်ယောက်တည်း ထမ်းဆောင်ရမည့်ဘဝသို့ ဦးတည်စေသည်။ ဤအရာသည် အစောကြီးကတည်းက သူကျင့်သားရခဲ့သော အရာဖြစ်ပြီး သူ့အတွက်တော့ ဒုတိယသဘာဝကျသော အရာဖြစ်လာလေသည်။

သို့သော်လည်း ထန်းခိုင်ရဲ့ ပေါ်ထွက်လာမှုက သူ့ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲသွားစေသည်။ စွန်းကျီနန်က အနှစ်သုံးဆယ်နီးပါး နေထိုင်ခဲ့ပေမယ့်လည်း အခုတစ်ကြိမ်က ချစ်သူ ကောင်လေးတစ်ယောက် ထားရခြင်းရဲ့ စွမ်းအားကို ပထမဆုံး တွေ့ကြုံဘူးခြင်းပင်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now