Chapter(40) - Final

2.1K 251 0
                                    

Unicode

အခန်း(၄၀) - The End

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူးပွဲတော်ကို ရောက်လာသည်။ ထန်းခိုင်၏မိဘများသည် အလုပ်များလွန်းသဖြင့် အားလပ်ရက်မှာ အလျင်စလိုပြန်လာဖို့ရန်ပင် နောက်ကျနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ထန်းခိုင်ကတော့ ယခုနှစ်တွင် သူနှင့်အတူလိုက်ရန် တစ်စုံတစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူတို့စိုးရိမ်နေစရာမလိုပေ။

ကမ္ဘာကြီးရဲ့ ကံကြမ္မာက တကယ်ကို အံ့မခန်းပဲ။ ပြီးခဲ့တဲ့ ဧပြီလကမှ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အခုတော့ တစ်ဖက်လူက a** နာနေရပြီ။ နွေဦးကနေ ဆောင်းဦးအထိ ပြီးတော့ ဆောင်းရာသီထိတိုင်အောင် သူတို့က ရင်းနှီးကျွမ်းဝင်လှတဲ့ စုံတွဲလိုမျိုး အမိုးအကာ တစ်ခုတည်းအောက်မှာ အတူတူနေဖြစ်ကြမယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

နှစ်သစ်ကူးအကြိုညမှာ သူတို့နှစ်ယောက်ပဲ ရှိတယ်ဆိုပေမယ့်လည်း စွန်းကျီနန်ကတော့နှစ်သစ်အကြိုညစာအတွက် စားပွဲတစ်ခုလုံးကို တန်ဖိုးရှိအောင် ပြုလုပ်ထားဆဲဖြစ်သည်။ ထန်းခိုင်က သူ့ကို ဖက်ထုပ်လိပ်ကာ ကူပေးနေသည်။ စွန်းကျီနန်က သူလုပ်တာ အရုပ်ဆိုးရင်တောင် အတွင်းက အစာတွေ ထွက်ကျလို့ မရဘူးဟု ထပ်ခါတလဲလဲ အလေးပေးပြောနေခဲ့သည်။ ယင်းကြောင့် ထန်းခိုင်သည် အထဲကို ရဲရဲတင်းတင်း အစာမသွပ်ရဲတော့ပဲ ဖက်ထုပ်လေးတွေက ပြားကပ်ကပ်လေး ဖြစ်ကုန်ကြသည်လေ။

စွန်းကျီနန်က အရမ်းအလုပ်ရှုပ်နေပေမယ့်လည်း စိတ်ခံစားချက်ကတော့ အတော်လေး ကောင်းမွန်နေသည်သာ။ ဖက်ထုပ်ကို ချက်နေစဉ်မှာပဲ သူက ရယ်မောလိုက်ပြီး

"အိုးထဲက ထွက်လာရင် မစားနိုင်လောက်အောင် ရုပ်ဆိုးလိမ့်မယ်"

"ဒီသီးသန့် လျှို့ဝှက်အချစ် ဖက်ထုပ်တွေကို မင်းတစ်ယောက်တည်းပဲ စားလို့ရတာ" ထန်းခိုင်က ဆိုသည်။ "ဒါကို မြန်မြန်ချီးကျူးဖို့ အကြံပေးပါတယ်၊ မဟုတ်ရင် ပြီးမှ ပိုပြီး နာနာကျင်ကျင် စားနေရလိမ့်မယ်"

စွန်းကျီနန်က ထိုစကားကို ကြားတော့ ဇကာစစ်ဖြင့် ခေါက်မိလုနီးပါးပင်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now