Chapter(8)

1.6K 322 9
                                    

Unicode

အခန်း(၈) - ခရမ်းချဉ်သီးပုပ်အဖွဲ့

ရှဲ့ကျွော်ရဲ့ အစီအစဉ်အရဆိုရင် သူတို့က မနက်ခင်း တောင်တက်မယ်၊ နေ့လည်ခင်းမှာ လတ်ဆတ်တဲ့ အစားအသောက်တွေ စားကြပြီး ညနေခင်းမှာ အသားကင်စားကာ ပြင်ပကမ္ဘာရဲ့ ရှုပ်ယှက်ခတ်မှုတွေနဲ့ ဝေးကွာလှတဲ့ သဘာဝတရားမှာ သာယာတဲ့ညကို ဖြတ်သန်းကြရန်ပင်။

ဒုတိယနေ့မှာတော့ နေထွက်ချိန်ကို စောင့်ကြည့်ကြပြီးမှ အချိန်ပို အလုပ်လုပ်ကြရန်အတွက် အသီးသီး အိမ်ပြန်ကာ ခေါင်းမွေးပြောင်တဲ့အထိ တစ်ညလုံး အလုပ်ဆင်းကြရန်ဖြစ်သည်။

အကြံဉာဏ်လေးက အံ့အားသင့်စရာ ဆကာင်းပေမယ့် လက်တွေ့ကတော့ ရက်စက်လှသည်။ ခြံပိုင်ရှင်က သူတို့ကို နေ့လည်စာ ချက်ကျွေးတာကြောင့် အားလုံး ကျေနပ်စွာ စားသောက်နိုင်ကြပါတယ်။ ဒါပေမယ့် ခြံရှင်က ညဘက်ဆို မရှိတာကြောင့် လူတိုင်း မိမိဘာသာ ချက်ပြုတ်ရန် ကြိုးစားကြရတော့သည်လေ။

ချက်ချင်းဆိုသလို အခြေအနေ မြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။

မီးဘယ်လိုမွှေးရမလဲ မသိဘူး၊ အသီးအရွက်တွေ ဘယ်လိုလှီးရမလဲ မသိဘူး၊ အသားကင်ကို ဆီသုတ်ဖို့မေ့တယ်၊ အသားက ကျက်ရဲ့လား ဆိုတာလည်းမသိဘူး၊ မီးလောင်နေသလိုပဲ.......

ထန်းခိုင်ဆီကနေ တတိယအကြိမ်မြောက် လွင့်ပျံလာသည့် မီးခိုးလုံးကြီးများကြောင့် လူတိုင်း မျက်ရည်ကျရပြီးနောက်မှာ ရှောင်းပိုဟုခေါ်သော ရင်းနှီးမြှုပ်နှံရေး မန်နေဂျာက မခံမရပ်နိုင်ဖြင့် မေးမိတော့၏။

"ပါမောက္ခထန်း, ကျွန်တော်မှတ်မိသလောက် ခင်ဗျားက ဇီဝဗေဒပညာရှင် တစ်ယောက်ပါ, ဒါက စမ်းသပ်မှုတစ်ခုနဲ့ အတူတူပဲ မဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့ အမြဲတမ်း ခင်ဗျားဘက်ကနေပဲ မီးတောက်နေရတာလဲ?"

မီးဖိုချောင်လူသတ်သမား ပါမောက္ခထန်းသည် လောင်ကျွမ်းကာ မည်းနက်နေသော နူကလီးယားဓာတ်ပေါင်းဖိုနှင့်တူသည့် အဖုအပိန့်များကို စိုက်ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now