Chapter(9)

1.6K 305 11
                                    

Unicode

အခန်း(၉) - Ah! Science!

ဒီအချိန်မှာ စွန်းကျီနန်တွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

ဒီလိမ်မာတဲ့ ကလေးလေးက ဘယ်ကရောက်လာတာလဲ?

ဒါရိုက်တာစွန်းက အရမ်းကို ချမ်းသာကြွယ်ဝတဲ့ အမျိုးသား တစ်ယောက်တော့ မဟုတ်ပေမယ့် သူက ငယ်ရွယ်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေဆဲပင်။ ငွေကြေးတောင်းခံတာဖြစ်ဖြစ် ပစ္စည်းတွေ တောင်းတာဖြစ်ဖြစ် ဒီတောင်းဆိုခြင်းက အနာဂတ်မှာ ခံစားချက်တွေ ဖြစ်ပေါ်စေမယ်ဆိုရင်တောင် သာမာန်အစားအသောက် အနည်းငယ်ထက်တော့ ပိုပြီးတန်ဖိုးရှိသေးတာပဲ။ ထန်းခိုင်က အသားကင်နံ့တွေကြောင့်များ ငတုံးဖြစ်သွားသလား? ဒီလောက် ရိုးရှင်းတဲ့အရာကိုတောင် ဘယ်လိုဖြစ်လို့ သူနားမလည်နိုင်ရတာလဲ?

စွန်းကျီနန်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်။

"မင်းကတကယ်ကြီးလား? လျှောက်မနောက်နဲ့တော့ နည်းနည်းလောက် ထပ်စဉ်းစားလိုက်ဦး"

ထန်းခိုင်က ပြန်မေးသည်။

"အဲ့ဒါက အကျိုးအကြောင်း မသင့်တဲ့ တောင်းဆိုချက် ဖြစ်နေလို့လား?"

စွန်းကျီနန်မှာ လျှာပင်လိပ်သွားရပြီး ထန်းခိုင်က စကားဆက်သည်။

"ဒါဆို မင်းဘာလို့ သဘောမတူနိုင်ရတာလဲ?"

စွန်းကျီနန်သည် ဒီလူအား တုံးတယ်ပဲပြောရမလား နုံအတယ်ပဲ ပြောရမလားပင် မသိတော့ပေ။

လူတိုင်းက သူတို့နှစ်ယောက်ကိုသာ ကြည့်နေကြသည်။ ရှဲ့ကျွော်ကသူ့အား စားပွဲခုံအောက်ကနေ ဆွဲစိတ်လိုက်ပြီး ခပ်လှမ်းလှမ်းအား စိုက်ကြည့်နေမိခြင်းကို ရပ်တန့်ရန် သတိပေးလေသည်။ တစ်ချိန်တည်းမှာပင် သူက ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းဘာလို့ ဒီလိုအသေးအမွှား ကိစ္စလေးအတွက် တွန့်ဆုတ်နေရတာလဲ? ငါတို့ဒါရိုက်တာစွန်းက အရှုံးသမား မဟုတ်ပါဘူး! ဒါက အစားအသောက် နည်းနည်းပဲ မဟုတ်ဘူးလား? အကယ်၍ သူသဘောမတူဘူးဆိုရင် ငါသူ့အစား သဘောတူပေးမယ်!"

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now