Chapter(6)

1.8K 323 4
                                    

Unicode

အခန်း(၆) - သူက ငါ့ဦးလေးဟောင်း

"ပြီးတော့ဘာဆက်ဖြစ်သွားလဲ?"

တပတ်ကြာပြီးနောက်မှာ ရှဲ့ကျွော်နဲ့ စွန်းကျီနန်တို့က ဘားကောင်တာပေါ်တွင် ထိုင်နေပြီး သူတို့ရှေ့မှာ goji berry လက်ဖက်ရည် တစ်ခွက်ဆီ ထားထားသည်။ သူတို့က နွေဦးလေညှင်းနဲ့အတူ တိတ်တဆိတ် စကားမမြည်ပြောနေကြ၏။

"ဘာဖြစ်ရမှာလဲ, မင်းက ဘာဖြစ်စေချင်လို့လဲ?"
စွန်းကျီနန်က ပြောလေသည်။

"ထန်းခိုင်ရဲ့ မာနကြီးပုံမျိုးနဲ့က သူ့ရဲ့ အတုအယောင် အကျင့်စာရိတ္တတွေ ပေါ်သွားတဲ့အချိန်မှာ ငါ့ကိုရှာဖို့ မျက်နှာရှိမှာမဟုတ်ဘူး"

ရှဲ့ကျွော်က သူ့ကိုသံသယအပြည့်ဖြင့် ကြည့်လာသည်။

"တကယ်ကြီးလား? မင်းအမူအယာက ဘယ်လိုဖြစ်လို့ ဒီလောက် ပီတိတွေ ပြည့်နေပုံပေါ်နေရတာလဲ? ကြည့်ရတာမင်းက ဒီလိုမာနကြီးတာကို အရမ်းသဘောကျနေပုံရတယ်နော် "

စွန်းကျီနန်က ပြင်းပြင်းထန်ထန် ငြင်းဆိုသည်။

"ဟင့်အင်း, ငါမကြိုက်ပါဘူး"

ရှဲ့ကျွော်က သူနဲ့နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့တာမို့ စွန်းကျီနန်၏ အကျင့်စရိုက်အား အပြည့်အဝ နားလည်နိုင်သည်။ ဒီလူက ကလေးဘဝကတည်းက ရင့်ကျက်ချင်ယောင်ဆောင်ခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့အပြုအမူများကို ပိုမို သတိထားလာခဲ့တာပင်။ မလျော်ကန်တဲ့ အပြုအမူမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလောက်ပဲ

သူက 'အယူမှား' တာမျိုးကို အထူးတလှယ် သည်းခံနိုင်ပေမယ့် ရင့်ကျက်ပြီး ဉာဏ်ရည်ထက်မြက်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်မှုကို ထိန်းထားနိုင်သူများကို ပိုမိုနှစ်သက်သည်။

စွန်းကျီနန်ရဲ့ မရေမရာ စကားတွေကို နားထောင်ရင်း ရှဲ့ကျွော်သည် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်- သူ အဲ့ဒီနေ့က ထန်းခိုင်ကို အရမ်းနောက်ပြောင်ခဲ့တယ်.... အကယ်၍သာ တစ်ဖက်လူကို ချစ်စရာကောင်းတယ်လို့ မထင်ဘူးဆိုရင် သူဘယ်လိုဖြစ်လို့ ရင်းနှီးကျွမ်းဝင် နေသလိုမျိုး နောက်ပြောင်နိုင်မှာလဲ? ဒါပေမဲ့ စွန်းကျီနန် ကိုယ်တိုင်က အဲ့ဒါကို နားမလည်ဘူးဖြစ်နေတာ

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now