Chapter(5)

1.8K 340 17
                                    

Unicode

အခန်း(၅) - Virgosနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး

ကလေးဘဝ နုံအပြီး စိတ်တွေ ရှုပ်ထွေးနေတဲ့အချိန်မှာ ရှဲ့ကျွော်က စွန်းကျီနန်ရဲ့ သည်းခံနိုင်စွမ်းနဲ့ သူ့အပေါ်ထားပေးတဲ့ လေးစားမှုက အဓိပ္ပါယ်တစ်ခုခု ရှိနေတယ်လို့ သံသယဝင်ခဲ့သည်။ သူက အဲ့ဒါကို သူ့ကို 'crush.' နေလို့ဆိုပြီး သံသယဝင်နေတာ။

တစ်နည်းအားဖြင့်တော့ ရှဲ့ကျွော်က လမ်းကြောင်းတစ်ကြောင်းတည်းကို တွေးတောနေခဲ့တဲ့အပြင် အကယ်၍ စွန်းကျီနန်သာ သူ့ကိုဝန်ခံလာခဲ့ရင် ဘယ်လိုလုပ်မယ် ဆိုပြီးတော့တောင် ဇာတ်ညွှန်းတွေ အစီအစဉ်တွေ ဆွဲပြီး တစ်ယောက်တည်း တိတ်တိတ်လေး ခက်ခဲတဲ့အချိန်တွေ ရှိခဲ့သည်။ သူက ဂါဝန်တွေ ဝတ်ရတာ နှစ်သက်ပေမယ့်လည်း သူ့ကိုယ်သူ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်လို မသတ်မှတ်ထားခဲ့ဘူးလေ။

စွန်းကျီနန်က သူ့ဘဝရဲ့ အရေးကြီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သူကတော့ သူ့ချယ်ရီလေး ပေါက်သွားဖို့အတွက် မကမ်းလှမ်းချင်ပါဘူး။

ထိုကြောင့် ရှဲ့ကျွော်က အချိန်တစ်ချို့ ကြာအောင်ထိ 'ငါက မိန်းကလေးတွေပဲ ကြိုက်တာ' တို့ 'ငါကအဖြောင့်' တို့ဆိုတဲ့ စကားများကို တောက်လျှောက် တတွတ်တွတ် သဲလွန်စပေးနေသည်မှာ တစ်နေ့ စွန်းကျီနန်က ယဉ်ကျေးစွာဖြင့် သွယ်ဝိုက် ပြောလာသည်အထိပင်။

"မင်းကိုကြိုက်ရတာနဲ့ စိတ်မနှံ့တဲ့ကောင်တစ်ကောင်ကို ကြိုက်တာနဲ့ကြားမှာ ဘာခြားနားချက် ရှိလို့လဲ? စိတ်မပူနဲ့ ငါက မျက်ကန်း မဟုတ်ဘူး, အဲ့ဒီလောက် ရူးနှမ်းတာမျိုး ငါလုပ်မှာမဟုတ်ဘူး"

ရှဲ့ကျွော်သည် သူဘယ်လောက်ထိ မကျေမနပ်ဖြစ်ခဲ့ရလဲဆိုတာကို မှတ်မိနေသေးသည်။

"ဒါဆို မင်းဘာကိုကြိုက်တာလဲ? နတ်သမီးလေးတွေလား?"

စွန်ကျီနန်က ခဏလောက် စဉ်းစားပြီးနောက်မှာ ပြောလာသည်။

"မသိဘူး, ဒါပေမဲ့ စိတ်မနှံ့တဲ့လူတော့ မဟုတ်ဘူး"

ခေတ်ကာလတွေ ပြောင်းလဲ သွားပြီးနောက်မှာ တစ်ချိန်က လှောင်ပြောင်ခံခဲ့ရတဲ့ ရင်ဘက်ပြားပြား လူငယ်လေးသည် ယခုအခါမှာ လိပ်ပြာများ ခြံရံနေလေပြီ။ သို့သော်လည်း ဟိုးတုန်းကတည်းက ကွေးနေခဲ့တဲ့စွန်းကျီနန်ကတော့ blind date လုပ်ဖို့ လမ်းကြောင်းအပေါ် တွန်းတင်ခံနေရသည်။ ကံကြမ္မာလှည်းဘီး တစ်ပတ်လည်လာခဲ့ပြီး လောကလမ်းစဉ်တွေက မှန်းဆလို့ မရတော့ဘူး

(Completed) Fight the Landlord, Fall in LoveTahanan ng mga kuwento. Tumuklas ngayon