Chapter(39)

1.2K 198 2
                                    

Unicode

အခန်း(၃၉) - သူ့ရှေ့မှာ ရပ်နေတဲ့လူက သူ ချစ်ရသူ

သူပြန်နိုးလာတဲ့ အချိန်မှာ မနက် ဆယ်နာရီ ရှိနေပြီဖြစ်ပြီး စွန်းကျီနန်သည် တစ်ဖန် ပြန်ရှင်သန်လာသလို ခံစားလိုက်ရသည်။ အခုတော့ အနည်းငယ် ပိုကောင်းလာသလို ခံစား၇တာကြောင့် အိပ်ခန်းထဲမှာ မစားချင်တော့ပဲ သူ့ခါးလေးကို ထောက်ကန်ရင်း အိပ်ယာထဲမှ ဖြည်းညှင်းစွာ ထလိုက်သည်။ ဆန်ပြုတ်ပန်းကန်သေး တစ်ပန်းကန် သောက်ပြီးနောက်မှာတော့ ထန်းခိုင်ဆီကနေ အိပ်ယာထဲ မြန်မြန်ပြန်ဖို့ မောင်းထုတ်ခံလိုက်ရတော့၏။

တစ်စုံတစ်ယောက်နှင့် ပထမဆုံးအကြိမ် အိပ်ပြီးနောက် အဖျားတက်ခြင်း ; ဒါက ကားမောင်းသူ အသစ်လေးကို အရမ်း စိတ်လှုပ်ရှားစေခဲ့တယ်

စွန်းကျီနန်က အသေးငယ်ဆုံး အရာလေးတွေကတောင် ဖျားနာနိုင်ခြေများတာမို့လို့ ဒီအရာက တစ်ဦးချင်းဆီတိုင်းရဲ့ ကွာခြားချက်ပါလို့ ထပ်ခါတလဲလဲ အရေးပေး ပြောနေတာတောင် ထန်းခိုင်ကတော့ သူ့နောက်ကနေ အမြီးလေးလို စိုးရိမ်တကြီး လိုက်နေဆဲပဲ။

သူက ဝတ်ကြီးဝတ်ငယ် ပြုစုနေတဲ့ သားလေးတစ်ယောက်လိုမျိုး စွန်းကျီနန်ကို အိပ်ယာထဲ ထားပြီး အခါးရည်ဆိုလည်း အခါးရည်၊ ရေဆိုလည်း ရေ ကမ်းလှမ်းနေတယ်။ ပြီးတော့ သူစကားပြောလိုက်ရင် တစ်စုံတစ်ခုကို လွင့်ထွက်သွားအောင် လုပ်မိမှာ ကြောက်နေသလိုမျိုး အသက်ရှုတာတောင် ကြောက်ကြောက်လန့်လန့်နဲ့။

စွန်းကျီနန်က ပထမတော့ တိတ်တိတ်ဆိတ်ဆိတ် နေချင်ပေမယ့် ထိုသူက သူ့နားမှာ ပတ်ချာလည်လှည့်ပြီး ဟိုသွားလိုက် ဒီသွားလိုက် တောက်တောက် တောက်တောက် လုပ်နေတော့ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလိုပဲ စိတ်အနှောင့်အယှက် ဖြစ်လာပြီလေ။

ထန်းခိုင်က ညအိပ်စင်ပေါ်မှာ ရေနွေးအိုးကို တင်လိုက်ပြီး သူ့နောက်ကနေ မိခင်ကြက်မကြီးလို တစ်ကောက်ကောက်နဲ့ မေးလာသည်။

"ရေနွေးသောက်ချင်လို့လား? ပုခုံးကို မထုတ်ထားနဲ့လေ, လက်ကို ပြန်ထည့်ထား, အရမ်းအေးလိမ့်မယ်"

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now