Chapter(13)

1.4K 270 22
                                    

Unicode

အခန်း(၁၃) - BGM: A Little Sweet

"အမ်း, အဟမ်း" စွန်းကျီနန်သည် ဒီလို အများပြည်သူ မြင်ကွင်းမှာ ထိုလူက အရမ်းကို ချစ်ခင်မြတ်နိုးနေသလို တစ်စုံတစ်ရာ လုပ်ဦးမှာ စိုးရိမ်တာကြောင့် အကြောင်းအရာအား အမြန်အဆန် ပြောင်းလဲလိုက်ရသည်။

"မင်းက ဒီရက်အတွင်း အလုပ်မရှုပ်ဘူးဆိုတော့ နောက်ဆုံးတစ်ခေါက်တုန်းက ငါပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးမလို့လေ, အကယ်၍ မင်းစိတ်မရှိဘူးဆိုရင် ငါ့ဆီမှာ တစ်ပတ်လောက် နေလို့ရတယ် အဲ့ဒါဆို မင်းသွားလိုက်လာလိုက် လုပ်နေစရာ မလိုဘူး......"

"သေချာပေါက် ကိုယ်စိတ်မရှိဘူးပေါ့" ထန်းခိုင်က ဖက်ထားတာကို ဖြေလျော့ပေးလိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူ့လက်အား လှမ်းဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလာလေသည်။

"ဒါတွေအားလုံးက ကိုယ်ဆန္ဒရှိနေတာတွေပဲဟာ"

စွန်းကျီနန်မှာ သူ့အပြုံးကြောင့် အလွန်အားနည်းသွားသလို ခံစားရပြီး သူ့အရိုးများပင် နူးညံံ့ပျော့ပျောင်းသွားရသည်။ *Lu လှေကားထစ် တွေ Tongque လှေကားထစ် တွေကို မေ့ထားလိုက်ဦး အကယ်၍ ထန်းခိုင်က ဒီအချိန်မှာ အာကာသလောင်ချာကို လိုချင်ပါတယ် ဆိုရင်တောင် စွန်းကျီနန်ကတော့ ကျေကျေနပ်နပ် ပေးမိမှာပင်။

သူက ထိုအတွေးမုန်တိုင်းထဲ မျောပါနေတဲ့အချိန်မှာ 'တိတိ' ဆိုတဲ့ ခြေသံကို ကြားလိုက်ရပြီး သေးငယ်တဲ့ ပုံသဏ္ဍာန်လေးတစ်ခုက လူနှစ်ယောက်အား အမြှောက်ဆံလေးတစ်ပွင့်လို ဝင်တိုက်သွားသည်။ သူ့အရှိန်က ပြင်းထန်တာကြောင့် သူ့ဘယ်ခြေထောက်ကို ပြန်နင်းမိပြီး စွန်းကျီနန်၏ ခြေဖဝါးရှေ့မှာ လဲကျသွားရှာ၏။

စွန်းကျီနန်က ထိတ်လန့်တကြား နောက်ကို ခုန်လိုက်မိတာကြောင့် ထန်းခိုင်က သူ့ပုခုံးကို ကိုင်ပြီး ထိန်းပေးထားလိုက်သည်။ ကလေးလေးက မငိုပေ။ သူကကုန်းရုန်းထလိုက်ပြီး သူ့မိဘတွေဆီ ချက်ချင်းပြန်ပြေးကာ သူ့အမေရဲ့ ခြေထောက်အား ဖက်၍ ကြည်လင်ရှင်းလင်းစွာ ပြောလိုက်သည်။

(Completed) Fight the Landlord, Fall in LoveWhere stories live. Discover now