အသည်းနစ်အောင် ချစ်ရပါသော.....

129 6 2
                                    

အပိုင်း -1
" မြတ်စိုး ရေ မနက်ဖြန်လူသစ်လာဖို့ရှိတယ်နော် နေစရာလုပ်ပေးထားဦး " ။

မသက် မှ အောင်မြတ်စိုး အားလှမ်းပြောနေခြင်းဖြစ်သည်၊ မသက် ဆိုသည်မှာ အောင်မြတ်စိုးတို့၏ အလုပ်ရှင်ဖြစ်သည်။

မသက် တို့သည် မန္တလေးမြို့လည်ခေါင်မိန်းလမ်းပေါ်တွင် အတော်သင့်ရောင်းကောင်းသော Bar& Restaurant ဆိုင်လေးဖွင့်ထားခြင်းဖြစ်သည်။

" ဟုတ် မသက် ရှင်းထားလိုက်မယ်နော် ဘယ်နှယောက်လာမှာလဲ "

" နှစ်ယောက်လာမှာ "

" အင်း သူတို့နှစ်ယောက်လဲ မြဲမယ်မထင်ပါဘူး "
ဟု' အောင်မြတ်စိုး စိတ်ထဲတွေးလိုက်မိသည်။

အမှန်တကယ်လဲ သူတို့ဆိုင်က ဝန်ထမ်းအသစ်ဆိုလျှင်မမြဲတတ်ပေ အလွန်ဆုံး တစ်လ လောက်သာ မြဲတတ်သည်။

ဒီဆိုင် ဖွင့်ထားသည်မှာ အနှစ်20ကျော်ရှိပြီးဖြစ်သည်။ ဆိုင်တွင် သူအပါဝင်မှ ဝန်ထမ်း 15ယောက်လောက်သာရှိသည်။
ထို15ယောက်မှာလဲ နှစ်ကြီးသမားများဖြစ်သည်။ ဆိုင်တွင်း 5နှစ် 6နှစ်ခန့်ရှိပြီးဖြစ်သည်။

သူသည်လဲ ဒီဆိုင်တွင်နေသည်မှာ 3နှစ်ခန့်ရှိပြီဖြစ်ပြီး အားလုံးကမိသားစုလိုဖြစ်နေကျသည်။

ဒီဆိုင်တွင်နေရသည်မှာ ပျော်သည်၊ လွတ်လပ်သည်၊ ဖိအားလဲ များများစားစားမရှိပေ ကိုယ့်အလုပ်သာ ပုံမှန်လေးလုပ်သွားလျှင် တစ်နေ့ကုန်လို့ ကုန်မှန်းတောင်မသိပေ။

ဒီနှစ်ယောက်လဲ မမြဲမဲ့တူတူ ငါ့ဘေးနားပဲ အိပ်ခိုင်းလိုက်တာ ကောင်းပါတယ်။
ဟု'စိတ်ထဲတွေးလိုက်သည်။ အမှန်တကယ်တွင် အခန်းရှင်းရမှာပျင်းသောကြောင့်ဖြစ်သည်။

သူတို့နှစ်ယောက်အတွက် သီးသန့်အခန်းပေးလျှင် အခန်းရှင်းရသည်မှာ ‌တစ်နေကုန်ကြာသွားနိုင်တာကြောင့် သူ့အခန်းတွင်အိပ်ရန် သူ့ပစ္စည်းတွေကို ဖယ်ပေးထားလိုက်ပြီး ဖျာနှစ်ချပ်ခင်းပေးထားလိုက်သည်။

" မသက် အသစ်လာမယ့်နှစ်ယောက်ကို ကျနော့်အခန်းထဲပဲ အိပ်ခိုင်းလိုက်မယ်နော် အခန်းရှင်းရင် တစ်နေ့ကုန်ကြာမှာ နောက်ကျမှ သူတို့အခန်းပြောင်းချင်ရင် သူတို့ဘာသာ ရှင်းပါစေတော့ "

"အေးပါ အဆင်လေးတွေလာမှာဆိုတော့ နင့်အခန်းထဲ ခေါ်အိပ်ပေါ့ ဟားး ဟားး "

လာမည့်ကောင်လေးတွေမှာ 18-19နှစ် ကောင်လေးတွေဖြစ်တာကြောင့် အောင်မြတ်စိုး ကို စနေခြင်းဖြစ်သည်။

" ဟင်း နှစ်ယောက်မလိုခေါ်အိပ်တာပါ တစ်ယောက်ထဲဆို မအိပ်ပါဘူး ယုံ‌ထင် ကြောင်ထင် အထင်မခံနိုင်ပါဘူး "

" အမလေး အေပါဟယ် ငါက "စ" တာပါ "

အောင်မြတ်စိုး သည် မသက် တို့၏ လူယုံလိုဖြစ်နေသည်။ တစ်ဆိုင်လုံးတွင် 'အောင်မြတ်စိုး 'ကိုသာအယုံကြည်ဆုံးဖြစ်သည်။

အောင်မြတ်စိုး သည်အလုပ်လုပ်ရာမှာ စေ့စပ်သေချာသည်။ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီလဲယုံကြည်ရသောကြောင့်ဖြစ်သည်။

Waiting for part -2

⬛ တစ်စစီကွဲကြေပြီးသားလူတစ်ယောက်ပါ   အနာတရတွေကို ပြန်ဆက်ပြီးလဲ     

⬛ အက်ကြောင်းတွေအထပ်ထပ်နဲ့မို့ ကိုယ်ခံနိုင်ရည်မရှိတာ ကိုယ်အသိဆုံးပါပဲ

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now