စတိတ်ပေါ် သွားတဲ့လူက အမြဲတမ်း in-ear monitorတွေကို နားနှစ်ဖက်လုံး၌ တပ်ထားဖို့ လို၏။ ပိုင်နိုင်တဲ့ အဆိုတော်တွေကတော့ သူတို့ရဲ့ in-ear monitorကို တဖက်ဖြုတ်ထားတတ်ပြီး သူတို့ရဲ့ လုပ်နိုင်စွမ်းကို ပြသကြလေ၏။

စုထျန်းထျန်းက မျက်လွှာချလိုက်ပြီး ဆွေးနွေးမှုကို မျှော်လင့် စောင့်စားနေပုံနဲ့ သူမရဲ့ ရင်ပေါ် လက်တင်လိုက်သည်။

"ချိုချဉ်"က fandomထဲကနေ ထွက်သွားတာ ၁၀ရက်ကြာပြီ ဖြစ်ပေမယ့် topicကအခုထိ ထိပ်ဆုံးမှာ trendingဖြစ်နေတုန်း ဖြစ်လေသည်။ ကျန်းရှန့်မေနှင့် အလောင်းအစား လုပ်ထားကြောင်း လီဟောက်ကျယ်က သူမကို ပြောပြလာခဲ့သည်။ အကယ်၍ သူနိုင်ပါက ကျန်းရှန့်မေ အနေနဲ့ ထိုtrending topicကို ဖယ်ရှားပေးရမှာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းချင်ပေ့ရဲ့ စွမ်းရည်ကလည်း အရမ်းကို အားကောင်းလွန်းလှလေသည်။ လီဟောက်ကျယ် နိုင်မှာကိုလည်း စုထျန်းထျန်းအနေနဲ့ ယုံကြည်ချက် ရှိမနေတာမို့ အခုလို ဗျူဟာချလိုက်တာ ဖြစ်လေ၏။ သူမကိုယ်တိုင်ရဲ့ ကျွမ်းကျင်မှုနဲ့ လီဟောက်ကျယ်ကလည်း in-ear monitor တစ်ဖက်တည်းနဲ့ ဆိုနိုင်မည်ဆိုတာကိုတော့ သူမ ယုံကြည်ချက် ရှိသည်။ ကျန်းရှန့်မေကတော့ လူသစ် တစ်ယောက်သာသာ ဖြစ်တာမို့ ‌စင်ပေါ်မှာ တိုက်ရိုက် ဖျော်ဖြေဖို့ရာလည်း အတွေ့အကြုံ မရှိသေးပေ။ သူမ အနေနဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ဆိုတာ in-ear monitor တစ်ဖက်တည်းနှင့် လုံလောက်မှာ မဟုတ်ပေ။

လီဟောက်ကျယ်ကို ကြည့်ပြီး သူမ ပြောလိုက်သည်။ "ရှင့်ကိုပါ ဆွဲထည့်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်နော်"

လီဟောက်ကျယ်က ချက်ချင်းဆိုသလို သူ့လက်တွေကို ယမ်းပြရင်း "ငါကသာ မင်းကို ဆွဲထည့်မိတဲ့လူပါ! တချို့လူတွေက သီချင်းဘယ်လို ဆိုရမှန်း မသိတာတောင် ဒီလာပြီး ရှုပ်‌ထွေးအောင် လုပ်သွားသေးတယ်။ သူမကိုယ်သူမ စိတ်မချလို့ သူများတွေကိုပါ တပုံစံတည်း ခံစားရအောင် လုပ်နေတယ်ဆိုတာ ငါ တပ်အပ်ပြောရဲတယ်"

သူတို့အတွေးတွေ ပြောပြီးနောက်မှာ ကျန်းရှန့်မေက ရုတ်တရက် ပြောလိုက်၏။ "အိုကေ သဘောတူတယ်",

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now