"In-ear monitorတွေက အသံတွေကို ပိုပြီး အာရုံစိုက်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းလေးပဲ။ စင်ပေါ်မှာ ဆိုရင် အသံထုတ်လွှင့်တဲ့အခါ လူအုပ်ကြီးတွေဘက် လှည့်ထားကြတာ အဆိုတော်တွေက အသံထုတ်လွှင့်ထားတဲ့ အနောက်မှာရပ်ရတယ်။ ‌အဲ့လိုအချိန်ကျ အဆိုတော်တွေက ဂီတသံတွေကို ဝိုးတိုးဝါးတားပဲ ကြားရတော့တယ်လေ။ ဒါကြောင့်မို့ သီချင်းဆိုတဲ့အခါ ရှင်းရှင်းလင်းလင်း သံစဉ်မှန်မှန်ဆိုနိုင်အောင် အဲ့တာတပ်ထားကြတာ မဟုတ်ရင် သေသေချာချာ ဘာမှကြားရမှာ မဟုတ်ဘူး"

အမှန်တကယ်လည်း ပွဲကျင်းပရာမှာ ပရိတ်သက်အများကြီးက ‌ရှိနေမှာဖြစ်သည်။ လေထုအခြေအနေက ရုန်းရင်းဆန်ခတ် ဖြစ်သွားပုံပေါ်ပြီး အဆိုတော်တွေကလည်း စင်ပေါ်မှာဆို နားထောင်ဖို့ခက်တယ်ဆိုတာ သူတို့ကိုယ် သူတို့ပါ သဘောပေါက်သွားသည်။ အဆိုတော်တွေ အနေနဲ့ တီးလုံးကို အလွယ်တကူ ကြားနေရမယ် ဆိုသော်ငြား စည်းဝါးကိုက်အောင် ဆိုဖို့ ခက်ခဲလေတယ်ဆိုတာ သိသွားကြသည်။

ပရိုဂရမ် စင်တာက ပြင်ဆင်ပေးထားတဲ့ သူ့ရဲ့ in-ear monitorကို နင်မုန့် ကြည့်ဖို့ ထုတ်ပြလိုက်သည်။ ကြိုးမဲ့နားကြပ် ဟုလည်း သက်မှတ်လိုက်လို့ရသည်။

ကျန်းရှန့်မေက ပန့်စတိုင်နဲ့ နေခဲ့တာမို့ နားပေါက် နည်းနည်း ထပ်ဖောက်ထားတာတွေ ရှိ၏။ ဆွဲဖြဲခံလိုက်ရတဲ့ သူမရဲ့နားက သွေးစို့နေဆဲဖြစ်သည်။ တချိန်တည်းမှာပဲ ထိုနေရာက in-ear monitor ဝတ်ဆင်ရမည့် အပိုင်းလည်း ဖြစ်နေလေသည်။

နင်မုန့် ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။

သူမ ထိုအကြောင်းကို တွေးကြည့်လိုက်သည်။ စုထျန်းထျန်းက ဘာလို့များ သူမ နားကပ်ကို စောင့်ဆွဲလိုက်ရတာ ဖြစ်မလဲ? တကယ်လို့ သူမ နားကပ် မဝတ်နိုင်ရင်တောင် တင်ဆက်မှုအပေါ် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ သူမရဲ့ အဓိက ရည်ရွယ်ချက်က in-ear monitorတွေကိုပဲ!

လင်းချင်ပေ့က လီဟောက်ကျယ်ကို ထေ့ငေါ့စွာနဲ့ ရွဲ့စောင်းပြောလိုက်သည်။ "အခုခေတ် အဆိုတော်တွေ အကုန်လုံး in-ear monitorတွေ တပ်ဖို့ လိုအပ်တယ်။ ကျင်လည်တဲ့ နေရာမှာ ဝါရင့်ပြီး ပတ်ဝန်းကျင်ကို သဘောပေါက်တဲ့ သူ/သူမ အနည်းစု လောက်ကပဲ in-ear monitorတွေကို မလိုအပ်တာ။ အခု ကျွန်တော် သတိထားကြည့်သလောက်ဆို ဒီထဲမှာရှိတဲ့ လူတွေထဲက တစ်ယောက်မှလည်း in-ear monitor မရှိဘဲ လူအုပ်ကြီးရဲ့အသံကို ထိန်းချုပ်နိုင်တဲ့ လူ မရှိပါဘူး"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now