ချီရှန်က နောက်ထပ် voice ထပ်ပို့လိုက်၏။ "ဘယ်သူပဲ ဖြစ်ဖြစ် နင်တော့ မဟုတ်ဘူး။ ငါ နင့်ကို ပြောလိုက်မယ် ဒီနှစ်တွေအများကြီးထဲ အခုက ဘော့စ်ဘက်ကနေ ပထမဆုံး အကြိမ် မိန်းကလေးတစ်ယောက်ကို အရမ်း အတည်ပေါက်နဲ့ လိုက်ခြင်းပဲ"

"…"

'ဘာတွေ ဖြစ်ကုန်တာလဲ?'

သူက ဖောက်ပြန်နေသည်ဟု ကျန်းရှန့်မေက ပြောခဲ့သည် ထို့အတွက်လည်း သူမက အသေးစိတ်တော့ မမေးခဲ့ပေ။ ထိုအချိန်ခနမှာ နားနေခန်းဆီ သွားပြီး ကျန်းရှန့်မေဘက်မှ ရှင်းပြချက်ကို နားထောင်ဖို့ တွေးလိုက်သည်။ သို့သော်လည်း သူမ အခန်းထဲ ဝင်သွားတဲ့အခါ စိတ်အိုက်ဖို့ကောင်းပြီး ခြိမ်းခြောက်တဲ့ အငွေ့အသက်တွေက သူမကို စောင့်နေလိမ့်မယ်လို့ မထင်ထားခဲ့။

စုထျန်းထျန်းက နောင်တရနေတဲ့ မျက်နှာငယ်လေးနဲ့ ကျန်းရှန့်မေ အရှေ့မှာ ရပ်နေ၏။ "တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ငါတောင်းပန်ပါတယ် ငါ တကယ်ကို တောင်းပန်ပါတယ်...."

ကျန်းရှန့်မေရဲ့ သိမ်မွေ့တဲ့ မျက်နှာလေးက မခံမရပ်နိုင်မှုတို့နှင့် ပြည့်နေပြီး သူမ လက်တွေကတော့ သွေးတို့ ပေါက်ထွက်လုမတတ် တင်းကျပ်စွာ ဆုပ်ထားတာ ဖြစ်လေ၏။ ပြီးနောက်မှာတော့ သူမက အသံတိုးတိုးဖြင့်သာ ထေ့ငေါ့လိုက်သည်။ "တောင်းပန်လို့သာ အကုန် ဖြေရှင်းနိုင်ကြေးဆို ဘာလို့များ အစတည်းက ရဲ‌တွေကို လိုအပ်တော့မှာလဲ?!"

စုထျန်းထျန်းရဲ့ မျက်လုံးတွေက နီရဲလာပြီး မျက်ရည်တို့က သူမ ပါးပြင်ပေါ်ကို ရေတံခွန်နှယ် လှိမ့်ဆင်းလာကာ "ငါ တောင်းပန်ပါတယ် ငါ တောင်းပန်ပါတယ်...အပြန်အလှန် အနေနဲ့ နင် ငါ့ နားကပ်တွေကို ဆွဲချင်လည်း ဆွဲလိုက်လို့ရပါတယ်...."

ကျန်းရှန့်မေက ဒေါသအိုး ဆူပွက်လာပြီး လက်မြှောက်လိုက်ကာ "ငါ မလုပ်ရဲဘူးလို့များ နင်‌ထင်နေတာလား?"

သူမ ထိုသို့ ပြောနေရင်းမှ လီဟောက်ကျယ်က ဝင်ဖြတ်ပြောလာ၏။ "တော်‌ကြတော့!"

လီဟောက်ကျယ်က မတ်တပ်ရပ်လိုက်ပြီး အထင်သေးတဲ့ လေသံနဲ့ ပြောလာ၏။ "ထျန်းထျန်းက မတော်မဆ မင်းနားကပ်နဲ့ ချိတ်မိသွားတာလေ ဒီလိုနည်းနဲ့ လူတွေကို ဖိအားပေးဖို့လောက်ထိ လိုလို့လား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now