Extra

780 47 2
                                    

Unicode

9.10.2020

ပြာလဲ့နေသော ပင်လယ်ပြင်ရယ်
တွဲထားသော လူသုံးယောက်ရဲ့လက်‌လေးသုံးစုံရယ်
တောင်တန်းတွေရယ်
လွင်ပြင်တွေရယ်ကြား နေလုံးကြီးကလည်း
လှပစွာ ထွန်းလင်းပေးနေ‌ပြီး နွေးထွေးမှုကိုပေးနေတုန်း။

ပင်လယ်ကမ်းခြေ‌၌ တည်ဆောက်ထားသော ဟိုတယ်၏အခန်းတစ်ခန်းအတွင်း တစ်ယောက်လက်ကိုတစ်ယောက် မြဲမြံစွာကိုင်ဆုပ်ထားပြီး ရယ်ကာမောကာဖြင့် ပျော်ရွှင်နေသောမိသားစုမှာ မောင်နှင့်မောင့်Jiminမိသားစုပင်ဖြစ်၏။စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့ရန်နှင့် သားကိုမွေးပြီးကတည်းက ဘယ်မှခရီးမထွက်ရတာကြာပြီဖြစ်သောကြောင့် ကမ်းခြေသို့ နှစ်ညအိပ်သုံးညအိပ် Jiminတို့ထွက်လာခဲ့ခြင်းဖြစ်သည်။

ကမ်းခြေရောက်တော့ သားကသူ့ဘဝအတွက် အသစ်အဆန်းလိုဖြစ်နေသောအခါ ပင်လင်ပြင်ကြီးကိုကြည့်ပြီး လက်ခုတ်လက်ဝါးတီးပျော်နေတာ။မောင်ကတော့ တလျှောက်လုံး ကားကိုသူပဲမောင်းလာရလို့ထင်တယ် အိပ်ခန်းထဲရောက်‌တာနှင့်  မွှေ့ယာပေါ်တန်းပြီးဝမ်းလျားမှောက်ပြီးအိပ်တော့တာ။

စရောက်တဲ့နေ့ကတော့ Jiminတို့အတွက် စားသောက်ပြီးအိပ်စက်ခြင်းဖြင့်သာအနားယူလိုက်သည်။မနက်မိုးလင်းတာနှင့် သူ့ဗိုက်ပေါ်တက်ပြီး သားက...

"ပါးပါးရေ ပင်လယ်ကြီးကလှတယ်နော်။သားရေဆော့ချင်တယ်"

ပင်လယ်နှင့်နီးသောအခန်းတွင် သူတို့ကအခန်းယူထားသော‌ကြောင့် ညအိပ်ယာဝင်ခါနီးတိုင်းမြင်နေ‌ရပြီး၊မနက်မိုးလင်းသောအခါတွင်လည်းစိတ်ကိုလန်းဆန်းအောင် ပြုလုပ်ပေးသောကြောင့် ထိုအခန်းလေးက သူတို့သားဖသုံးယောက်အတွက်သိပ်ကို အပန်းဖြေဖို့အတွက်အသင့်ဆုံးနှင့်အလိုက်ဖက်ဆုံးပင်။

သားကသူပြောတာကို ပြန်မပြောတော့ Jiminဗိုက်ပေါ်ကနေဆင်းသွားကာ မောင့်ဗိုက်ပေါ်သို့တက်သွား၏။ထို့နောက် မောင့်ဗိုက်ပေါ်တွင် လှုပ်ရွကာ မောင့်နားနားကပ်ပြီး အော်ခေါ်နေတော့သည်။

"ဒက်ဒီရေ...သားရေဆော့ချင်နေပြီထတော့လို့"

မောင်က ‌အိပ်ရေးပျက်ထားသူပမာအိပ်နေတာကသိုးလို့။သားကလည်းမရ။မောင့်အပေါ်မှာ ခုန်ကာ အတင်းနှိုးနေ၏။မောင်တို့သားဖနှစ်ယောက်ကိုကြည့်ပြီး သူတောင်ပြုံးမိသည်။သားကနှိုး၊မောင်ကမထနှင့်ဆူညံပွတ်လောရိုက်နေသော သူတို့ဟိုတယ်အခန်းလေးက မနက်ခင်းမှာတောင် စိုပြေခဲ့သေးတာ။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now