Ep(19) U+Z

637 61 4
                                    

Unicode

စိမ်းလန်းစိုပြေနေသော မနက်ခင်းဝယ် ချစ်သူ့မျက်နှာတစ်ကမ္ဘာထင်ကာလျှောက်လှမ်းလာသော သူ့ရဲ့ခြေလှမ်းများမှာအသက်ဝင်ပီပြင်နေ၏။Jiminသည် သူတို့နေသော လမ်းကြားထဲရှိမနီးမနားတွင်ရှိသော ပင်လယ်နားသို့သွားကာ Taehyungနှင့်မနက်ခင်းမမည်သောမနက်ခင်းမှာတင်ချစ်ကြည်နူးနေကြသည်။

တစ်ယောက်လက်တစ်ယောက်တွဲထားကာ ပင်လယ်ရေရဲ့လှုပ်ခပ်မှုတွေကို ဇိမ်ပြေနပြေကြည့်နေသော သူတို့နှစ်ယောက်၏ ဒုတိယမြောက်ဒိတ်လို့ပင်ပြောလို့ရ၏။

မနေ့ညက အဖြစ်အပျက်က မယုံနိုင်လောက်ကိုပင်မြန်ဆန်လွန်းခဲ့သည်။မျှော်လင့်မထားခဲ့။ချစ်သူမဖြစ်ရင်တောင် သူသိရင်ရပြီဆိုတဲ့အ‌တွေးနဲ့ရဲတင်းစွာ သူ့ဘဝထဲသို့ခိုဝင်ဖို့ပြောလိုက်ပေမယ့် တကယ်တမ်းJiminသာငြင်းခဲ့ရင် သူထိုနေရာမှာတင် အရုပ်ကြိုးပြတ်ဖြစ်ခဲ့ရမှာ။

မထင်မှတ်ထားတဲ့ Jiminရဲ့အဖြေစကားကြောင့် ပျော်လွန်းလို့ မဆင်မခြင်ခိုလှုံပစ်ခဲ့တဲ့ သူကနှုတ်ခမ်းဖူးဖူးလေးတွေကြား အချိန်အတော်ကြာနစ်မွန်းနေခဲ့တာ။အသက်ရှူကြပ်လာသောကြောင့် ရင်ဘတ်ကိုပုတ်ခါမှ လွတ်ပေးပြီးအမောဖြေခဲ့ကြသည်။

အနမ်းတွေရပ်ပြီး တစ်ယောက်နဖူးတစ်ယောက်ကပ်ကာ ငြိမ်နေမိသည်မှာ အိမ်ပြန်ရောက်တော့ မနက်၂နာရီတောင်ထိုးခဲ့သည်။အိမ်ပြန်ရောက်တော့ အဖွားကလည်းအိပ်နေတာကြောင့် အခန်းထဲဝင်ပြီး နှစ်ယောက်သားနွေးထွေးစွာပွေ့ဖက်အိပ်ခဲ့ကြ၏။

ထိုညလေးက သူတို့နှစ်ယောက်အတွက် သိပ်ကိုနွေးထွေးသောချစ်ခြင်းတွေကိုပေးစွမ်းခဲ့သောညလေးပင်ဖြစ်ခဲ့ကြသည်။

မနက်ရောက်တော့ သူတို့နှစ်ယောက်အိပ်လိုက်တာ နေ့ခင်းတောင်ကူးသွားခဲ့သည်။နေ့ခင်းကူးပြီး အိပ်ယာထတော့...

"ပင်လယ်သွားကြည့်ကြမလား မောင်...မောင်"

အိပ်ယာထက်၌ ပွေ့ဖက်ထားရင်းကနေ ထစ်အစွာပြောလာသော Jiminကြောင့် မနက်ခင်းမဟုတ်တော့တဲ့မနက်ခင်းအတွက် အနမ်းလေးတစ်ပွင့်ပေးစွမ်းကာအားဖြည့်လိုက်သည်။ထို့နောက် အိပ်ယာထက်ကအလျှင်အမြန်ထကာ ရေမိုးချိုးပြီး ခုရောက်နေသော ပင်လယ်သို့လမ်းလျှောက်ထွက်လာခဲ့ကြသည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now