Extra

602 45 2
                                    

Unicode

ငါးနှစ်ကြာပြီးနောက်...

"ပါးပါး ဟင့်...ဒက်ဒီက သားကို အော်တယ်၊အီး...ဟီး...ဟီး"

ထမင်းဟင်းချက်နေသော မီးဖိုခန်းထဲသို့ဝင်လာသော သားဖြစ်သူရုပ်ကလေးသည် ချုံ့မဲ့လို့ပင်။Jiminလည်း သားကိုပဲချော့ရတော့မလို၊ဟင်းပဲဆက်ချက်ရတော့မလိုနှင့်ပြာယာခတ်နေ၏။သူနှင့်မောင် ကလေးယူဖို့ဆုံးဖြတ်ခဲ့ကြပြီး သားလေး Kim Jiminကိုမွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုသွားပြီး မောင်နှင့်တိုင်ပင်ကာ သားအိမ်ထည့်ခဲ့ကြသည်။အငှားကိုယ်ဝန်ဆောင်ဖို့ကြတော့လည်း မောင်ကအဲ့လိုမျိုးမလိုချင်ဘူးပြောလာသောကြောင့် မလွယ်ကူပေမယ့် သူချစ်တဲ့မောင်လိုချင်နေသော ‌ကလေးလေးကို သူရအောင်လူ့ဘဝထဲသို့ခေါ်ဆောင်လာပေးသည်။

သားလေးစမွေးတုန်းက မှတ်မိသေး။သူကဆေးရုံးရဲ့VIPအခန်းထဲတွင် လဲလျောင်းနေ၏။သားကိုတော့ သူ့ဘေးတွင်သိပ်ထားရသည်။မောင့်မှာ သားကိုကြည့်ပြီး မထိရက်မကိုင်ရက်ဖြစ်နေတာ။မမြူတတ်၊မြူတတ်နှင့် သားကိုချော့မြူနေခြင်း။

သားကလည်း သူ့ဒက်ဒီမြူရင် ရက်သားလေးရှိသေး ပြုံးရယ်တတ်နေသည်။မောင်ကမြူလိုက်သားက ရယ်လိုက်ဖြင့် ဆေးရုံးခန်းထဲကစိုပြေနေခဲ့ကြသည်။ခုနှစ်ရက်ပြည့်တော့ သူတို့ဆေးရုံကဆင်းခဲ့ကြသည်။အိမ်ပြန်ရောက်တော့လည်း သားကိုမောင်က သူ့လက်ထဲကိုပေးသည်မရှိ။မောင်သာကြီးစိုးထိန်းကျောင်းသည်။

သားကစိုးသည်။မောင်နှင့်တူတယ်ပဲပြောရမည်။သူလိုချင်တာဆိုရအောင်ယူရမှ၊မရရင် ဒေါသကလည်းကြီးသေး အိမ်မှာရှိတဲ့ သူနှင့်မောင်ကိုအပြစ်မရှိအပြစ်ရှာပြီး ရစ်နေတတ်သေးသည်။ခုလည်းကြည့် မောင်နဲ့သားဖနှစ်ယောက်ဘာတွေဖြစ်လာမလဲမသိ၊မောင်ကအော်ပါတယ်ဆိုပြီး သူ့ကိုလာတိုင်နေသည်။

ဒီသားအဖနှစ်ယောက်ကြား လုံးပတ်ရှာလည်လည်နေရတာ သူ့အတွက်တော့ ကျင့်သားတစ်ခုလိုဖြစ်နေသည်။

"တိတ်ပါသားရယ်၊သားဒက်ဒီကို ပါးပါးဆုံးမပေးမယ်နော်၊ကောက်စိန်လေးတိတ်တော့"

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Donde viven las historias. Descúbrelo ahora