Final U+Z

921 60 6
                                    

Unicode

ကားစတီယာတိုင်ကို သေသပ်စွာ ဘယ်လှည့်လိုက်၊ညာလှည့်လိုက်ဖြင့် မောင်းနှင်နေသော Taehyungမျက်နှာသည် တည်တင်းနေသည်။Lover seatတွင်ထိုင်နေသော Jiminသည် ရှေ့ကဖြတ်သွားဖြတ်လာရှုခင်းများကိုတောင် ငေးမကြည့်အား ရုပ်တည်ကြီးဖြင့် မောင်းနေသူကိုသာ သူ့မှာ တစိမ့်စိမ့်ကြည့်ပြီးပြုံးနေမိသည်။

ဖြတ်သွားဖြတ်လာကားများကြား ဂရုတစိုက်မောင်းရင်း ‌မျက်မှောင်ကိုလည်းအလိုလိုစုကျုံ့ထားသော မောင့်ကြောင့် သူ့မှာအချစ်ပိုစမြဲ။ကားရှင်းရင်၊ရှင်းသလို အရှိန်ကိုတင်လိုက်၊ကားရှုပ်သောနေရာရောက်ရင် ကားအရှိန်ကိုသပ်ကာ ဂရုတစိုက်မောင်းနှင်နေသော မောင်က သူ့ကိုအဖွားအိမ်က ထွက်လာကတည်းကစကားမပြောသေး။

အဖွားနှင့်စကားပြောပြီး ပြန်ထွက်တော့ လက်ကိုနောက်ပစ်ကာ ရပ်စောင့်နေသော မောင့်မျက်ဝန်းအိမ်ထဲတွင် မောင့်ကိုဘာလို့မပြောပဲတစ်ယောက်တည်းကြိတ်ခံစားနေတာလဲလို့ မေးနေသယောင် သူ့အားစိုက်ကြည့်နေ‌သည်။သူကအလန့်တကြား မောင့်ကိုမြင်တော့ ‌အမည်နာမကို ပါးစပ်ဖျားလေးကနေ ခေါ်မိတော့ လက်ကိုနောက်ပစ်ထားရင်းကနေ ရှေ့သို့ပြောင်းကာ လက်ပိုက်လိုက်သောမောင်။

သူလည်ကုတ်ကိုသာပွတ်ပြီးရင်းပွတ်ကာမောင့်အကြည့်တွေကို ရှောင်လွှဲ‌နေမိသည်။မောင်နဲ့ အကြည့်ချင်းမဆုံပဲ သူအတင်းဇွတ်ရှောင်နေသောအခါ မောင်သည် သူ့ရဲ့ခပ်ထူထူမျက်ခုံးတန်းလေးကို စုကျုံ့လိုက်ပြီး...

"မောင့်ကိုပြောစရာစကားမရှိတော့ဘူးလား မောင့်Jimin"

မောင့်ရဲ့ အမေးစကားကြောင့် သူခေါင်းကိုသာအတွင်တွင်ခါပြီး ငြင်းနေမိတော့ မောင်က ဘာမှထပ်မမေးတော့ပဲ ရှေ့ကနေထွက်သွားသည်။ထို့နောက် ကားနားသို့အရောက် ကားမောင်သူနေရာတွင် ဝင်ထိုင်ပြီး ကားစက်ကိုနှိုးလိုက်တော့ သူ့မှာပြာပြာသလဲ မောင့်ဘေးကခုံတွင်ထိုင်ဖို့ရန် ဝင်သွားလိုက်သည်။ကားထဲဝင်ဝင်ချင်း မထွက်သေးပဲ တစ်ခုခုကိုစောင့်ဆိုင်းနေသော မောင့်ကြောင့် ဘာကျန်ခဲ့လဲစဉ်းစားနေပေမယ့် မရတော့ မောင့်ဘက်လှည့်ကာမေးငေါ့မေးလိုက်သည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now