Ep(16) U+Z

621 66 2
                                    

Unicode

"မောင့် Jimin"

နား,နားကပ်ကာ ဆွဲငင်စွာခေါ်နေသော ဩရှရှအသံကြောင့် အိမ်မက်လား ၊အပြင်တွင်လား ဝေခွဲမရဖြစ်နေ၏။တကယ်လို့ အိမ်မက်ဖြစ်ခဲ့ရင် မျက်လုံးဖွင့်လိုက်တာနှင့် ထိုအသံလေးက ပျောက်ကွယ်သွားမည်ပင်။မျက်လုံးကို အတတ်နိုင်ဆုံး ဖိမှိတ်ထားပြီး အသံလေးမပျောက်ကွယ်စေရန် အားတင်းမှိတ်ထား၏။

"မောင့် Jimin"

ထပ်မံကြားလိုက်ရသော အသံဩရှရှကြောင့် အိမ်မက်ရောဖြစ်နိုင်ပါ့မလားဆိုသော အတွေးလေးကဝင်ရောက်လာသေးသည်။မျက်လုံးကိုတော့ မဖွင့်ပဲ ဆက်၍သာမှိတ်ထား၏။မတတ်နိုင်တဲ့အဆုံး မျက်လုံးကိုဖွင့်လိုက်တော့ မမှိတ်မသုန်စိုက်ကြည့်ပြီးရယ်ပြနေသော ဆံပင်ခပ်ရှည်ရှည်နှင့်လူ။ရှင်းသန့်တောက်ပြောင်နေသော မျက်နှာဖြူဖြူလေးပေါ်တွင် ကြည်လင်နေမှုတွေက ပေါ်လွင်နေ၏။ထို့နောက် သေချာစေရန် ထိုမျက်နှာလေးကို လှမ်းကိုင်ကြည့်ဖို့ရန်ပြင်လိုက်တော့ မျက်နှာပေါ်သို့မရောက်သေး လေပေါ်တွင်ပျံဝဲနေသော လက်ကလေးကိုလှမ်းဆွဲပြီး ဦးတည်လိုက်တာကကာတင်စေတာက သူ့ဝဲဘက်ရင်ဘတ်ဆီ။

"ဟင်...တကယ်ကြီး ထိလို့ရတာလား"

သူ့ပါးစပ်ကနေ အမှတ်တမဲ့ ထွက်ကျသွားသော စကားကြောင့် သူ့အား တစိမ့်စိမ့်ကြည့်နေသော ထိုသူသည် ပြုံးနေ၏။ထို့နောက် ထိုလူ့လက်ထဲကနေ လက်ကိုရုန်းလိုက်ကာ အိပ်ယာထက်၌ ထထိုင်လိုက်သည်။

"မျက်နှာလေး ချောင်ကျသွားသလိုပဲ"

သူမယုံနိုင်သေးပါ။အသေအ‌ချာပင်လိုက်လံကြည့်ရှုနေ၏။ဘယ်လောက်ပဲ Taehyungပါးစပ်က စကားတွေ တဖွဖွပြောနေပါစေ သူမယုံနိုင်သေးပါ။အထက်အောက် စုန်ဆန်ကြည့်နေရင်းကနေ အိပ်ယာထက်ပြန်လှဲချပြီး စောင်ကို တစ်ကိုယ်လုံးလုံအောင် ခြုံလိုက်၏။ထို့နောက် ပါးစပ်ကလည်း တစ်ခုခုကိုရွတ်နေသယောင်ပင်။

Taehyungသည် စောင်ကို အတင်းဖယ်တော့လည်းမရ။ပါးစပ်ကသာ ရွတ်ဖတ်နေသော တရားစာတွေသာ ကြားနေရ၏။အတင်းစောင်ကို ဆွဲဖယ်လိုက်သောအခါ လက်အုပ်ကလေးကိုချီကာ မျက်လုံးလေးကိုမှိတ်ပြီး မပြတ်ပဲရွတ်နေသော တရားစာတွေ။Taehyung သူ့ကိုကြည့်ပြီးအူးယားနေမိသည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now