Extra

651 54 0
                                    

Unicode

Warning 🖤

နွေးထွေးနေတဲ့ ရင်ခွင်ကြီးထဲမှာ မရှိမဲ့ရှိမဲ့ ခန္ဓာကိုယ်လေးက နှစ်မြှပ်နေသည်။ဗလတောင့်တောင့် လက်မောင်းပေါ်မှာ ဆံပင်လေးတွေက ပြန့်ကျဲကျဲဖြင့် အုံးထားသော ခေါင်းလုံးလုံးလေး။အပေါ်ပိုင်းဗလာ၊အောက်ပိုင်းဗလာဖြင့် ပူးကပ်နေသော သူတို့ ခန္ဓာကိုယ်ပေါ်၌ ချွေးတွေက စိုရွှဲနေတုန်းပင်။

အဖျားလေးတွေ စိုစွတ်နေသော Jiminဆံပင်လေးတွေကို‌ မောင်က သပ်တင်ပေးပြီး ကြည်နူးနေသော အကြည့်များဖြင့်ကြည့်နေ၏။မောင်ရဲ့ လိုအင်ဆန္ဒတွေက သူမယုံရဲလောက်ကိုပင် ကြီးမားလွန်းသည်။တစ်ခါမကသော အရေအတွက်နဲ့ မောင်နဲ့သူ တဝကြီးချစ်ခဲ့ကြပြီးတာတောင် မာန်မကျသေးသော မောင့်သားငယ်လေးက သူ့ကိုလန့်စေသည်အထိပင်။

အောက်ဆီဂျင်ပြတ်လတ်လာတဲ့အခါ မောင့်ရင်အုံကြီးကို လက်ဖြင့်ရိုက်ပုတ်ပြီး နားခိုင်းရသည်။မောင်ကနားပေးပေမယ့် အဆုံးအစွန်ထိတော့မဟုတ်။ခပ်ပါးပါး မောင့်နှုတ်ခမ်းလေးက စိတ်ကိုပြန်ပါအောင် ဆွဲဆောင်သေးတာ။သူမရုန်းနိုင်မှန်းသိလို့ မောင်ညစ်ပတ်လေးက တမင်ကို သူ့နှုတ်ခမ်းကိုပဲရန်လာလာရှာနေခြင်း။

မောင်တစ်ခါ နမ်းလိုက်တိုင်း ကျဉ်တက်သွားတဲ့ သွေးသားတွေက သူ့အတွက်တော့ ရန်သူပမာလိုဖြစ်နေ၏။ထိန်းချုပ်ထားတဲ့ စိတ်တွေ သွေးသားတွေကလည်း သခင်ပေါ် သစ္စာစောင့်သိမှုက အံ့မခမ်းပေ။သူတောင် အံဩရသည်အထိ။

ခုလည်းမောင့်ရင်ခွင်ထဲမှာ မောင့်ဆန္ဒတွေကို ဖြည့်‌ဆည်းပေးပြီးပေမယ့် သွေးသားတွေက သူ့သခင်ကိုသာ တောင်းတချင်နေတုန်း။မောင့်မေးဖျားလေးကို ရင်ခွင်ထဲကနေ မော့နမ်းလိုက်တော့ ဘယ်ချိန်ကတည်းက ပြန်စတင်ချင်နေလဲမသိတဲ့မောင်က သူ့လက်ပေါ်မှာ Jiminခေါင်းလေးကိုဖယ်ချကာ အပေါ်စီးကနေ တဖန်အုပ်မိုးလာပြီး နှုတ်ခမ်းသားတွေကို ရူးရူးမူးမူးနမ်းရှိုက်နေသည်။

သူပင်ပန်းနေပြီ၊တစ်ခါမကတော့ သူတို့ဆက်ဆံခဲ့ကြသည်က။မောင်နဲ့သူ Hoseokကိုတောင်နှုတ်မဆက်ခဲ့ပဲ Partyက ပြန်လာခဲ့ကြသည်ကစ၍ ညကနက်သည်ထက်နက်လာသည်အထိ။မောင်က ဘယ်လိုမှမနေပေမယ့် သူအရမ်းကိုပင်ပန်းနွမ်းနေပြီ။ မောင့်ဆန္ဒပြီးမြောက်သည်အထိ ဖြည့်ဆည်းပေးချင်ပေမယ့် သူ့အတွက် ရှေ့လျှောက် ဗုန်းဗုန်းလဲသွားနိုင်သည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now