Ep(7) U+Z

584 61 0
                                    

Unicode

အနက်ရောင် ကားအကောင်းစားလေးတစ်စီးသည် တရွေ့ရွေ့နှင့် မောင်းနှင်လာသည်။ဆိုက်ရောက်နေရာရောက်သော အခါ ကားမောင်းသူနေရာမှ ဒရိုင်ဘာ တစ်ဦးသည် ကားအရှိန်ကို သပ်ကာ ရပ်လိုက်၏။

ကားရပ်ပြီးတာနှင့် ကားဒရိုင်လာဖွင့်ပေးတာကို စောင့်နေသော အမျိုးသမီးနှစ်ယောက်သည် မာနခေါင်ထိပ်သို့ တက်ရောက်နေသော မျက်နှာထားဖြင့်။ထို့နောက် ကားသမားဖွင့်ပေးလာသည်နှင့် ခပ်မြင့်မြင့် ဒေါက်ချွန်ဖိနပ်ကို စီးကာ ကားနောက်ခန်းမှ ဆင်းလာသော Lee Hyung။ကောက်ကြောင်း အလှပေါ်အောင် ဝတ်စားဆင်ယင်ထားပုံမှာ သိပ်ကို Hot လွန်းနေ၏။

ဖြောင့်စင်းနေသော ပေါင်တံသွယ်သွယ်ကိုတမင်ပေါ်အောင် ဖော်ထားပုံမှ သိပ်ကို အရိုင်းဆန်လွန်းလှသည်။သူမသည်ကြိုးတစ်ချောင်း ဆွဲသား အင်္ကျီဖြင့် ပေါင်လယ်လောက် စကပ်တိုကို ပနံသင့်စွာ တွဲဝတ်ထား၏။ထို့‌နောက် ဆံပင် အကောက်ကလေးအား ခါယမ်းပြီး ကားပေါ်မှ ဆင်းလာ၏။

Lee Hyungဆင်းလာပြီးနောက် အလယ်အလတ်မိန်းမကြီးတစ်ဦးသည်လည်း Lee Hyungနည်းတူ အပြိုင် ချောမောကာ လှပနေ၏။

နှစ်ယောက်သား ကားပေါ်မှ ဆင်းပြီးနောက်...ဒေါက်ဖိနပ်သံမှာ တဒေါက်ဒေါက်ဖြင့် နန်းတော်ပမာ၊ဟိုတယ်ပမာ ကြီးမားကျယ်ပြန့်ခမ်းနားနေသော Kimစံအိမ်တော်ကြီးသို့ သူမတို့နှစ်ယောက်သား ပြိုင်တူ မျက်နှာကို မော့ချီကာ ဝင်သွားကြ၏။

"သမီးလေး Lee Hyungတို့ပါလား"

မီးဖိုခန်းမှ အိမ်အကူတွေအား တစ်နေ့တာအတွက် ချက်ပြုတ်ဖို့ရန် ခိုင်းစေပြီး ထွက်လာသော Kim Minarမှ  အိမ်အတွင်းသို့ လျှောက်လှမ်းလာသော Lee Hyungတို့အား ဝမ်းသာအားရ လှမ်းခေါ်လိုက်ခြင်းပင်။

လှမ်းခေါ်သူက လှမ်းခေါ်သောအခါ တစ်ဖက်မှာလည်း တန်းလှည့်ကြည့်ကာ ဗြုံးစားဗြင်းစားပင် အနားသို့ပြေးသွားပြီး တစ်ယောက်တစ်ပြန် တစ်ဖက်နိုင်ငံ၏ ဓလေ့ဖြင့် ပွေ့ဖက်နှုတ်ဆက် အနမ်းများပေးကြ၏။

"ဘာလုပ်တာလဲ သမီး။မေမေတောင် ပါလာတယ်ဆိုတော့"

"သမီးက ဒီတိုင်းလာလို့မရဘူးလား အန်တီ"

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now