Ep(13) U+Z

578 71 5
                                    

Unicode

ဖိတ်စာပြီးသောနေ့........

ဖိတ်စာတွေ တပုံတပင်ဖြင့် ကျောင်းဝန်းထဲတွင် ပတ်ဝေနေသော Lee Hyung။သူမ မျက်နှာပေါ်တွင်လည်း အပြုံးပန်းတွေက ဝေပြီးရင်းဝေနေ၏။

တစ်ချို့ကတော့ သူမ၏ ဖိတ်စာကို လက်ခံကြပြီး တစ်ချို့ကတော့...

"Kim Taehyungက Park Jiminဆိုတဲ့ တို့ရဲ့နတ်သားလေးအပိုင်၊ညည်းနဲ့ တစ်စိတ်တစ်နေရာတောင် မဆိုင်ဘူး၊မတန်ဘူး"

သူတို့နှစ်ယောက်ကို ချစ်သော Fanတွေနဲ့ တွေ့ရင် ထိုသို့အပြောခံရခြင်းပင်။ထိုအချိန်တွင် ပြုံးနေသော သူမ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားပြီး ထိုလူတွေအားအော်ငေါက်လွှတ်သည်။

ထို့နောက် သူမလုပ်စရာရှ်ိတာကိုသာ ဆက်လုပ်ပြီး ဟန်ဆောင်အပြုံးလေးကို ပြန်အသက်သွင်းလိုက်၏။ဝင်လာသမျှ ကျောင်းသားတိုင်းကို လည်း ဖိတ်စာများအား ပြန်၍လိုက်လံဝေနေ၏။

ဖိတ်စာဆောင်လေး တစ်ဆောင်ကတော့ချို့ယွင်းချက်အနေဖြင့် ဖယ်ဆောင်ထားသည်။ထိုဖိတ်စာလေး တစ်ဆောင်ကိုကြည့်ကာ သူမမျက်နှာပေါ်တွင် အောင်နိုင်သူကြီးပမာ ပြုံးရယ်နေ၏။

တဖွဲဖွဲနှင့်ဝင်လာသော လူတွေကိုဝေပြီးနောက် Dance Roomဘက်သို့ ဦးတည်ချက်ပြောင်းသွားကာ Jiminအလာကို သွားထိုင်စောင့်နေ၏။

××××××××××××××××

မေမေတို့နှင့် ထမင်းစားနေတုန်းကတော့ သာနေသော နေမင်းကြီး။Jiminလည်း ကားလေးပေါ်တက်ပြီး ကျောင်းသို့ မောင်းနှင်လာရော ချက်ချင်းဆိုသလို မှောင်ကျသွားသော ကောင်းကင်ပြာ။တိမ်မဲတွေ၊တိမ်ပုပ်တွေက တက်လာကာ နေမင်းကြီးကို ဖုံးလွှမ်းသွား၏။

ကားနဲ့ဆိုပေမယ့် မိုးရွာရင် လမ်းတွေက လျှောသောကြောင့် ကားကို အရှိန်တင် မောင်းလိုက်သည်။တစ်ခါမှ ဒီလောက်မြန်မြန် မမောင်းဘူးသောကြောင့် စိတ်ထဲတွင် အနည်းငယ်တုန်ယင်နေမိသည်။ကျောင်းကိုလည်း အမြန်ဆုံးရောက်အောင်သာ ဆုတောင်းနေမိသည်။

စိတ်ထဲကလည်း ချက်ချင်းဆိုသလို လေးလာသယောင်။နှလုံးသားကလည်း နာကျင်လာသယောင်ပင်။ဝမ်းနည်းမှုစို့တက်လာသောအခါ မျက်ရည်တွေက အလိုလိုဝေ့သီးလာ၏။မျက်တောင်ခပ်လိုက်သောအခါ ကျဆင်းသွားသော မျက်ရည်တစ်ပေါက်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now