Ep(9) U+Z

625 69 2
                                    

Unicode

"ခွင့်လွှတ်တယ်"

အတိုင်းမသိပျော်ရွှင်မှု။ထိုအသံလေးသည် နားထဲ၌ ပဲ့တင်သံထပ်သလို‌ကြားယောင်နေမိသည်။နှုတ်ခမ်းတွေ ကော့ညွှတ်တက်လာပြီး ပီတိဖြစ်မိသည်။စကားတွေနဲ့ ပြောလို့မရလောက်ကိုပင် ပျော်ရွှင်နေမိတယ်။မထင်မှတ်ထားတဲ့စကားတစ်ခွန်းကြောင့် ရင်အစုံဟာလည်း ပို၍ပင်ခုန်လှပ်လာခဲ့သည်။ထို့နောက် နောက်ကျောခိုင်းထားရင်းကနေ နှလုံးငြိမ်ဆေးလေးဘက်သို့ လှည့်ကာ ရယ်နေတော့....

ခပ်ယေးယေးလေးပြုံးနေပါသည်။မျက်လုံးလေးလည်း အနည်းအကျင်းလေး မှေးကျနေပါသည်။ထိုပုံစံလေး စတွေ့ကတည်းက မြတ်နိုးခဲ့ရတဲ့ ပုံစံလေး။တခြားသူမြင်မှာကိုတောင် ကြိတ်ပြီး သဝန်တိုခဲ့ရတဲ့ ပုံစံလေး။အလျှင်အမြန်သွားပြီးသာ မရယ်ပါနဲ့လို့ပြောပစ်လိုက်ချင်သည်။ဒါပေမယ့် ထိုအပြုံးလေးကိုနှစ်သက်မိတော့လည်း မတားမိပြန်။ငြိမ်သက်ကာ ငေးမောနေမိသည်။ထိုအပြုံးအနားမှာ စိတ်ဝိဉာဉ်လေးက ပျံ့လွင့်နေမိသည်။

စိတ်ဝိဉာဉ်ကို ပြန်ချုပ်ထိန်းကာ အနားကို ပြန်လျှောက်ကာ ထိုင်ချလိုက်ပြီး...

"ကိုယ့် Jiminက ချစ်စရာလေး"

"ဝိုး...ဝါး....."

‌အခန်းတွင်းရှိလူအားလုံး ဝိုးတွေဝါးတွေဖြစ်ကုန်သည်။ရှေ့မကြည့်နောက်ကြည့်၊အထူအပါးနားမလည် ပြောလာသော လူကြောင့် မျက်နှာကို ဘယ်နားသွားထားရမှန်းတောင်မသိပါ။မဖော်တမ်းသာ ခေါင်းကိုငုပ်ပြီး လက်ကို ပွတ်သတ်မိနေတော့...

"နောက်နေ့ကစပြီး Jiminတစ်ယောက်ကိုသာ ကြည့်ပြီး ကိုယ်ဘယ်လောက် ချစ်ကြောင်း ၊ဘယ်လောက်ပိုင်ဆိုင်ချင်ကြောင်း ဋီကာဖွဲ့ပြောတော့မှာ၊ခုကတည်းက ကြိုပြီး ရှက်ထားပါ၊နောက်ကြ Jiminအနားက တစ်ဖွားတောင် ခွါမှာမဟုတ်ဘူး၊ရှက်တတ်တဲ့ စိတ်ကလေးကို ဖျောက်ထားပါ"

"ဟင်"

ကိုယ့်ဘာသာရှက်တတ်တာတောင် သူ့အတွက်နဲ့ ဖျောက်ပေးရမယ်တဲ့။ဘယ်လို အူကြောင်ကြောင်မှန်းမသိ။ထို့နောက် Jiminသည်ခေါင်းကိုပြန်မော့ကာ...

"ကိုယ့်ဘာသာ မွေးရာပါရှက်တတ်တာတောင် မင်းနဲ့ကြမှ ဖျောက်ပစ်ရမယ်။မဖြစ်နိုင်တာ မပြောနဲ့၊ဘယ်သူတွေက မွေးကတည်းပါလာတဲ့အကျင့်တစ်ခုကို ဖျောက်ရလို့လဲ၊မင်းတောင် ဖျောက်ရလို့လား"

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now