Unicode
Taehyung သည် Hoseokကိုခေါ်ပြီး Jiminတို့ရှိရာဝိုင်းသို့ထသွား၏။
"ကိုယ့် Jimin"
ထမင်းကိုမှာပြီးလို့မကြာ waiterလေးက ထမင်းလာပို့သောကြောင့် ငုပ်စားရင်းကနေ အမှတ်တမဲ့ နောက်ပါးဆီမှ ပိုင်ဆိုးပိုင်နင်းနဲ့ ခေါ်လာသောလူကြောင့် သီးတော့မဲ့ အရှိန်ကိုထိန်းကာ နောက်သို့လှည့်ကြည့်လိုက်၏။အဲ့နောက်...
"ပိုင်ဆိုး ပိုင်နင်းတွေ မလုပ်ပါနဲ့"
"ကိုယ်က ဘာလုပ်လို့လဲ၊ဒီတိုင်းလေးပဲခေါ်တာလေ၊Jiminအသားလည်း မထိပါဘူး"
ဘာမှမလုပ်ထားသလို ငြင်းနေသော လူကြောင့် ဒေါသလေး တစ်စွန်းတမျှထွက်သွားမိသည်။ထို့နောက်ခေါ်တာကိုခေါ်ကြောင်းပြောရန် ထိုင်ခုံနောက်မှီပေါ် လက်ကိုအားရစေရန်တင်ပြီး သူ့ဘက်သို့ လုံးလုံးလျားလျားလှည့်လိုက်ပြီး...
"နာမည်ခေါ်တာ ရိုးရိုးတန်းတန်းခေါ်လေ"
"ရိုးရိုးတန်းတန်းပဲလေ"
"ဘာကို ရိုးရိုးတန်းတန်းလဲ"
"အဲ့...."
"အမယ်လေး တော်ပါတော့ကွာ၊တစ်ယောက်တစ်ပြန်ငြင်းနေတာနဲ့ ထမင်းငတ်တော့မယ်"
Taehyungနောက်ထပ်ငြင်းဖို့ရန် ထပ်ပြောဖို့ပြင်လိုက်သောအခါ ဘေးကနေ ရပ်ကြည့်နေသော Hoseokသည် စိတ်မရှည်စွာဖြတ်ပြောလိုက်၏။
Hoseokဝင်ပြောလိုက်မှ ငြိမ်ကျသွားသော နှစ်ယောက်သည် ထိုင်ခုံကို လက်တင်ပြီးလှည့်ထားသော သူကလည်းရှေ့သို့ပြန်လှည့်သွားပြီး မတ်တပ်ရပ်နေသော သူမှာလည်း ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်သည်။
ထမင်းပန်းကန်ထဲက ကြက်သားအား စိတ်မကျေနပ်သလို ဖဲ့နေသော Jimin၏နှုတ်ခမ်းလေးမှာ စူလုံးလုံးလေးဖြစ်နေ၏။
ဖဲ့နေတာကြာလာတော့ စိတ်မရှည်ဟန်နှင့် ထမင်းအဖြူထည်ကိုသာ ဇွန်းနဲ့ကော်ပြီး စောင့်အောင့်ကာစားနေသော ကောင်လေးကိုကြည့်ကာ...
"ကိုယ့် Jiminကချစ်စရာလေး"
စိတ်ဆိုးနေတာတောင် ပျောက်သွားသလိုပင်။ရှက်စိတ်လေးက ကျောလေးတောင် အနည်းငယ်ချမ်းလာသယောင်။ရှက်စိတ်ကလေးကို ထိုလူမမြင်သာအောင် ဘုကြည့်လှမ်းကြည့်လိုက်တော့
အချစ်တွေ ရွှန်းရွှန်းဝေနေတဲ့ မျက်ဝန်းညိုညိုက လူကိုဆွဲဆောင်နေပြန်သည်။
YOU ARE READING
ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)
Fanfiction"ကိုယ့်နှလုံးသား စေစားရာ,ဖြစ်တည်ရာက မင်းမို့၊ကိုယ့်အနားကထွက်သွားဖို့အကြောင်းမတွေးပါနဲ့၊ မင်း ကိုယ့်အနားမှာမရှိတော့ရင်ကိုပဲ၊ကိုယ်ကဆေးရုံမှာ ရက်ရှည်လများ လဲလျောင်းနေတဲ့ လူနာ ဖြစ်သွားလိမ့်မယ် Park Jimin" "ကိုယ့်နှလုံးသား စေစားရာ,ဖြစ်တည်ရာက မင်းမို့၊ကို...