Extra

731 51 4
                                    

Unicode

ကြင်နာသူနဲ့တစ်နေ့တာ အချိန်တွေကိုကုန်ဆုံးရတာ ဘယ်လောက်တောင် အဓိပ္ပါယ်ရှိလဲဆိုရင် မောင်နဲ့ဖြတ်သန်းရတဲ့ နေ့တိုင်းဟာ ကြည်နူးစရာအဖြစ်အပျက်လေးတွေနှင့်သာပြည့်နှက်နေခဲ့သည်။စိတ်ဆိုးလိုက်၊စိတ်ကောက်လိုက်၊မနေနိုင်ရင် မောင့်ရင်ခွင်ထဲပြေးဝင်ပြီး ချွဲပစ်လိုက်နဲ့ ဘဝဟာစိုပြေနေခဲ့သည်။

မောင်နဲ့သူ့ကို မေမေတို့ရဲ့သဘောတူမှုကြောင့် လက်ထပ်ပြီးနောက် မောင့်အဖွားမွေးရပ်မြေဖြစ်တဲ့ ဒယ်ဂူးကိုအပန်းဖြေခရီးထွက်ခဲ့ကြသေးသည်။တောလို့လည်းဆိုလို့မရသလို၊မြို့ဟူသော အငွေ့အသက်ကိုလည်း တစ်ပိုင်းတစ်စပေးသည့် မောင့်အဖွားမွေးရပ်မြေလေးက အေးချမ်းလွန်းသည်။တစ်ပတ်လောက်နေပြီးနောက် မောင့်အဖွားမွေးရပ်ကနေ သူတို့ပြန်လာခဲ့ကြသည်။

နေ့စဉ်နေ့တိုင်း လတ်ဆတ်လေထုနဲ့အတူ မောင့်မျက်နှာချောချောလေးကို တစိမ့်စိမ့်စိုက်ကြည့်ပြီး နိုးခဲ့ရတဲ့ Jiminမနက်ခင်းတိုင်းဟာ မောင်နဲ့တင်  ပြည့်စုံလွန်းနေသည်။အိပ်ပုပ်ကြီးလေး မောင့်ကိုမနှိုးရက်လို့ နေမြင့်ထိအိပ်ခိုင်းလိုက်တဲ့ အချိန်တိုင်းမောင်ပြောနေကြစကားလေး...

"မောင်က Jiminရဲ့မနက်ခင်းအလှတရားကို သူများတွေထက်ဦးဆုံးခံစားကြည့်ရှုချင်တာမို့ မနှိုးရက်လည်းမောင့်ကိုနှိုးပေးပါ၊သူများတွေ မောင့်Jiminရဲ့မနက်ခင်းအလှတရားကိုမြင်နေတာကို မောင်သဝန်တိုတယ်၊ခု မောင့်Jiminလှဲအိပ်နေတဲ့ ခေါင်းအုံးကိုတောင် မောင်မနာလိုဝန်တိုတယ် သိလား"

မောင်ထိုသို့ပြောလိုက်တိုင်း မနားတမ်းခုန်ပေါက်လာတဲ့ နှလုံးသားလေးဟာ အပြင်ဘက်ပတ်ဝန်းကျင်သို့ပေါက်ထွက်မတတ်ပင်ဖြစ်နေတတ်၏။မောင်က တစ်နေ့တစ်ခြား သူ့အတွက်တော့ အချစ်တွေပိုစမြဲပိုလာခဲ့ရသူဖြစ်လာသည်။

မနက်ခင်းအနမ်းလေးကို မောင်မနိုးရင်တောင် အမြဲတမ်းပေးစမြဲပင်။သူ့အတွက်တော့ မောင့်ဆီက မနက်ခင်းအနမ်းလေးရမှ တစ်နေ့တာ လုပ်ဆောင်ချက်တွေက အသက်ဝင်ပီပြင်နေသလို၊အသက်ရှင်နေတာလည်း အဓိပ္ပါယ်ရှိနေသလိုပင်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now