Ep(12) U+Z

559 71 12
                                    

Unicode

"ဖိတ်စာကို ဘယ်လိုပုံစံလုပ်ချင်တာလဲ သမီး"

"အန်လ်ကယ်တို့ စိတ်ကြိုက်လုပ်ပါ၊အန်လ်ကယ် တို့ သဘောကျရင် သမီးလည်း သဘောကျတယ်၊အဓိက,က သမီးတို့မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ပါ...ဟီး"

သွားလေးစိကာ ရယ်ပြနေသော သူမပုံစံလေးသည် မြင်တဲ့ သူတိုင်းအတွက်တော့ အဖြူအစင်လေးပင်။အချိန်မတန်လို့ ဖွက်ထားသော လက်သည်းတွေကို ထုတ်မပြသော ကြောင်မလေးတစ်ကောင်နှင့်လည်းတူသည်။တကယ်တမ်းတော့ သူမစိတ်ထဲတွင်...

'အကို့နား ကပ်တဲ့လူတိုင်းကို ပုံစံအမျိုးမျိုးနဲ့ နှောက်ယှက်မောင်းထုတ်လာတာ၊အဲ့Park Jiminဆိုတဲ့ကောင်က ဘာမို့လို့လဲ၊သူလောက်ကတော့ Lee Hyungဆိုတဲ့မိန်းမအတွက်အပျော့ပဲ၊အကိုက စိတ်မကြည်နေလို့ သူ့ကိုလိုသုံးလုပ်နေတာLee Hyung သိတာ ပေါ့၊ကြည့်နေအကို့နားမကပ်ရဲအောင် Lee Hyungလုပ်ပြမယ်၊အကိုက Lee Hyungတစ်ယောက်ပဲပိုင်ရမဲ့ နာမ်သက်ရှိတစ်ခုပဲ'

လို့တွေးကာ မဲ့ကာတစ်ချက်၊ပြုံးကာတစ်ချက်ဖြစ်နေ၏။

"အန်လ်ကယ် ဒီဖိတ်စာလေး ယူမယ်နော်"

ဖိတ်စာလုပ်သူအား လေးထောင့်ဖိတ်စာပေါ်တွင် အသဲပုံနှစ်ထပ်ကိုမှ အသဲပုံကြီးပေါ်တွင် တစ်ဖက်စီ စီထားသော နှင်းဆီဖြူနှင့်ပုလဲလုံးလေးများ။အတွင်းဘက်အသဲပုံအသေးလေးပေါ်တွင် သတို့သားနှင့်သတို့သမီး ဝတ်ဆင်ဖို့ရန် မောင်းကွင်းလက်စွပ်နှစ်ကွင်းအား ပုံဖော်ထည့်သွင်းထားသည်။အောက်ခံဖိတ်စာ၏ ထောင့်စွန်း တစ်ဖက်တစ်ချပ်စီတွင် ကိုရီးယားအက္ခရာ ဂပုံစံ ပုလုံးလေးများသည် လှပစွာ စီရီထားသည်။Hohyungသည် ဖိတ်စာလေးအား ဖိတ်စာလုပ်သူလက်ထဲအပ်လိုက်သည်။

နာမည်ကအစ သေသေချာချာ စာရိုက်ဖို့ရန် စီစဉ်နေသော Hohyung။မင်္ဂလာပွဲ စစီစဉ်ပါပြီ‌ဆိုကတည်းက ဦးဆောင်ပြီး လုပ်ဆောင်နေသူမှာ Hohyungနှင့်သူမသာဖြစ်သည်။

ကုန်ကြစရိတ်အားလုံးကို ဟန်လေးဖြင့် သူမတို့ဘက်က ကမ်းလှမ်းမှုကြောင့် အကုန်အကျခံမယ်လို့ ပြောသော သူမတို့စကားကို လက်မခံပဲ သူတို့သာ အကုန်အကျခံမယ်လို့ပြောလိုက်သောအခါအားနာသလိုနှင့်လက်ခံပြီး ပျော်နေခဲ့သော သူမမျက်နှာဖုံးဟာ သရေအထပ်ထပ်ဖြင့် ပြုလုပ်ထားသလားပင် ခွါချဖို့ရန်ခဲယဉ်းလှသည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now