Ep(1) Unicode

1.5K 105 4
                                    


"ချောလိုက်တာဟယ်၊နတ်‌သားတောင်အရှုံးပေးရလောက်တယ်"

"ဟုတ်ပါ့၊ ကမ္ဘာမှာ အချောဆုံးဆို ထိုလူသားလေးကို ငါလက်ညိုးထိုးပြမိမယ်ထင်တယ်အေ"

"ငါနောက်နေ့က စပြီး အဲ့လူကို ငါ့ရည်းစားဖြစ်အောင် ကြိုးပမ်းတော့မယ်"

"အမယ်လေးအေ၊မဖြစ်နိုင်တာကို မပြောစမ်းပါနဲ့"

"ကြည့်နေလိုက်စမ်းပါ ကောင်မရယ်"

တစ်ယောက်တစ်ပေါက်နှင့်သံချဲ့စက်ဖွင့်ထားသလိုစူညံပွက်လောရိုက်နေသော တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့၏ နာမည်အကြီးဆုံး ကျောင်းတစ်ကျောင်း။

ထိုကျောင်းတွင်း ခင်းကျင်းထားသော လမ်း‌မပေါ်၌ သေသပ်လှပသော ခြေလှမ်းများဖြင့် ကျော့မော့စွာ လျှောက်လာသော လူသားတစ်ယောက်သည် မိန်းကလေးတိုင်း၏ အမြင်အာရုံကိုလည်း ဆွဲဆောင်ချုပ်ကိုင်နိုင်သလို၊ယောကျာ်းလေး အများစု၏ အမြင်အာရုံကိုလည်း ဆွဲဆောင်ချုပ်ကိုင်နိုင်လောက်ကိုပင် ခန့်ညားချောမောနေ၏။

လည်ပြန်ငေးရလောက်အောင် ချောမောနေသော အလှတရား။မြင်သူ ကြွေဆင်းသွားလောက်တဲ့ အကြည့်စူးရှမှု။တကယ်ကိုပင် ဆွဲဆောင်လွန်းနေသော ထိုလူသား။

ဖြည်းညှင်းစွာ တစ်လှမ်းချင်းစီ လျှောက်လမ်းနေပုံကလည်း ကျက်သရေရှိလှသည်။
ခပ်ရှည်ရှည်ဆံပင်လေးကိုမှ အပေါ်ယံရှပ်ပြီး စီးနှောင်ကာ ရှေ့တွင်လည်း အစွယ်လေးများချထားသည်။
ခပ်တန်းတန်းမျက်ခုံးထူထူတွေ၊နှစ်မြောသွားလောက်အောင် ကြည့်နိုင်သော အညိုရောင်မျက်လုံးအိမ်။ခပ်ချွန်ချွန်နှာခေါင်းလေး။အသဲပုံနှုတ်ခမ်း၊ရယ်လိုက်တိုင်း ပေါ်လာတတ်သော လေးထောင့်ဆန်တဲ့ အပြုံးတစ်ခု၊မိန်းကလေး ရှုံးအောင် ကြည်လင်တောက်ပေနေသော အသားအရေ၊၅'၁၁"လောက်ရှိသော အရပ်၊ခန္ဓာကိုယ် အချိုးအစားသည် ယောက်ျားလေးတိုင်းအားကျရလောက်တဲ့ပုံစံ။
အကုန်ပေါင်းချုပ်ရည်ညွှန်းဖော်ပြရင်တောင် ထိုလူသား၏ ချောမောမှုအလှတရားကို မမှီနိုင်သေးပါ။

"Taehyung"

နောက်ပါးဆီမှ ခေါ်သံကြားလို့ လှည့်ကြည့်ချိန်တွင်တောင်မှ မိန်းကလေးများ အလဲလဲ၊အပြိုပြိုဖြစ်ကုန်ကြလောက်အောင်ကိုပင် ထိုလူသားက ချောမော နေသယောင်ပင်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now