Ep(15) U+Z

611 58 2
                                    

Unicode

တစ်လခွဲကြာပြီးနောက်...

မွန်းလွဲ ဆယ့်နှစ်နာရီခွဲ ထုတ်ဝေသော သတင်းစာ ခေါင်းကြီး သတင်း၌
စေ့စပ်မင်္ဂလာပွဲ ပျက်ယွင်းသွားကြောင်း၊
‌အမွေဖြတ်စွန့်လွှတ်ကြောင်းကိုပါ ဒွန့်တွဲရေးသားထားတဲ့
သတင်းကြောင့် စီးကရက်တစ်လိပ်ကိုဖွာရင်း Taehyungသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"ကြည့်ရတာ...ပြန်လာမလား၊ပြန်လာမလားလို့စောင့်ရင်း တစ်လခွဲပြည့်လို့ ပြန်မလာမှ သတင်းစာ ခေါင်းကြီးပိုင်းတောင် ထည့်လိုက်တာထင်တယ်,ဟက်!!တော်တော် ရယ်ရတဲ့လူတွေ"

မုတ်ဆိတ်မွှေးပလပွဖြင့် စုတ်ပြတ်သတ်နေသော သူ့ပုံစံမှာ ဆံပင်ကလည်း တစ်လပြည့်လို့တစ်ခါရော ဖီးခဲ့လားမသိပါ ရှုပ်ပွနေ၏။ဆေးလိပ်တွေ ဘယ်လောက်တောင် သောက်ထားလည်းမသိ ပြာဟောက်နေသော အသဲပုံနှုတ်ခမ်းလေးက အရင်လို နီရဲမျိုးခြင်းမရှိတော့။အိပ်ရေးပျက်သော ညတွေများလား၊မများလား မျက်တွင်းတွေကလည်း ချိုင့်ခွက်ပမာဖြစ်နေ၏။

တစ်လလုံးလုံး တစ်စက္ကန့်တောင် ရပ်နားခြင်းမရှိပဲ လိုက်ရှာခဲ့တာ ဆိုးလ်မြို့တစ်မြို့လုံးပင် နှံ့စပ်ခဲ့သည်။ပြသနာဖြစ်ပျက်ခဲ့တဲ့နေ့က Hoseokအိမ်တွင် အိပ်ပျော်သွားပြီး မနက်မိုးလင်းတော့ သူမြန်းကျောင်းကို လာမလားဟူသော စိတ်ဖြင့် အလောတကြီး ကျောင်းကို လာပြီးစောင့်ခဲ့ပေမယ့် ဘာအရိပ်ယောင်မှ မမြင်ခဲ့တဲ့အပြင် ကျောင်းအုပ်ကြီးဆီမှ အမေးခံရသော စကားလေးတစ်ခွန်း...

"Jiminကတော်တော်နေမကောင်းဖြစ်နေလို့ ခွင့်ရက်ရှည် စာတင်ထားတာလား"

ဟူသော စကားကြောင့် မသိသော​အခါ ခေါင်းကို ခါယမ်းကာ ကျောင်းအုပ်ကြီးရှေ့မှ အရုပ်ကြိုးပြတ်သလိုလျှောက်လာခဲ့လိုက်သည်။
Namjoonကိုမေးတော့လည်း သူတကယ်မ‌သိကြောင်းကို ကျိန်တွယ်ပြီးတော့တောင် ပြောလာခဲ့သည်။ဘာမှမတတ်နိုင်တဲ့အဆုံး ကိုယ်လည်း ကျောင်းကို ခွင့်ရက်ရှည်ယူကာ နေ့မနား၊ညမနားပင် လိုက်ရှာခဲ့ပေမယ့် အချည်းအနှီးသာဖြစ်ခဲ့သည် လုံးဝမတွေ့ခဲ့ပင်။

စိတ်တွေလည်း ဟိုအောက်ဆုံးကို ထိုးကျသွားတာကြောင့် ညတိုင်းအိပ်မပျော်လို့ သောက်ခဲ့တဲ့ Goldဆေးလိပ်ဘူးခွံတွေက အမိုက်ပုံးထဲမှာ သက်သေပင်။တစ်ခါတစ်လေ Hoseok၏မဲဆွယ်မှုကြောင့် ကလပ်တွေကို ပါသွားတတ်ပေမယ့် ရူးကြောင် မူးကြောင်နှင့် ထိုနေရာကိုမလာတတ်မှန်းသိရက်နဲ့ လိုက်လံကြည့်ရှုရှာဖွေနေမိတာ။မတွေ့ပြန်တော့လည်း သူပဲစိတ်ညစ်ညိုးမှိုင်ခဲ့ရသည်။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now