Ep(3) U+Z

819 82 0
                                    

Unicode

"မင်း"

မင်းဆိုတဲ့ ခေါ်သံကြောင့် Jiminကိုယ်လေး တောင့်သွားသည်။မပတ်ချင်တာမို့ ထပ်မတွေ့ဖို့ရန်ဆုတောင်းလိုက်ပေမယ့် ဘုရားရှင်က မိမိဆုတောင်းသံကို မကြားလိုက်ဘူးထင်၏။မဆုံချင် တာကြောင့် လှည့်ထွက်ဖို့ပြင်လိုက်စဉ်...

"Park Jimin"

ခြေတစ်လမ်းပင် မလှမ်းရသေး နောက်ပါးဆီမှ မိမိနာမည်အား အပြည့်အစုံခေါ်လာသော လူကြောင့် မျက်လုံးပင်ပြူးမိသွားသည်။ဘယ်လိုလုပ်ပြီး နာမည်က သိသွားတာလဲ။မပတ်သတ်ချင်ပါဘူး ဆိုမှ နာမည်တောင် သိနေလိုက်သေးသည်။

‌ နောက်ကျောပြင်လေးကိုကြည့်‌တာ‌တောင် စိတ်ရှုပ်နေဟန်ပြနေသော ကောင်လေးအနားသို့ လျှောက်လာသော Taehyung။ထို့နောက်...

"စာရင်းလာပေးတာလား"

အမှတ်မထင် အနားကပ်၍ နောက်ပါးဆီမှ ကြားလာသော အသံဩဩရှရှကြောင့် Jiminအနည်းငယ်‌‌ ရှေ့တစ်လှမ်းတိုးပြီး မလှည့်ချင်လှည့်ချင်နှင့် Taehyungဘက်သို့လှည့်လာသည်။

မျက်နှာချင်းဆိုင် ဖြစ်သွားသော လူနှစ်ယောက်ကြား ဘယ်သူမှမမြင်နိုင်တဲ့ သံယောဇဉ်ကြိုးလေးဟာ ခိုင်ခံ့စေရန် အစချီ အထုံးလေးကို တစ်ယောက်တစ်ဖက်ဆီ ရစ်ထုံးချည်နှောင်လိုက်ပြီ။

"စာရင်းလားပေးတာလား Jimin"

ထပ်မန် ထွက်ကျလာသော ဩဩရှရှအသံ အမေးစကားကြောင့် Jimin ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်"

"အဲ့တာဆို လာလေ။ကိုယ်လိုက်ပေးမယ်"

"ရတယ်။ကိုယ်ဘာသာ ပေးမယ်"

"ကိုယ် လိုက်ပို့ပေးပါ့မယ်။အဲ့တာကိုယ့်သူငယ်ချင်း။Jiminအတွက် ကိုယ်လိုက်ပေးရင်မြန်သွားမှာ"

"ငါနဲ့ မရင်းနှီးပဲနဲ့ ရင်းနှီးတဲ့ပုံစံလုပ်မပြပါနဲ့။နောက်ပြီး ငါ့နာမည်က Park Jiminမို့ နာမည်ကို အ‌ဖျားစွတ်ခေါ်တာမျိုးတွေမလုပ်ပါနဲ့။မရင်းနှီးတဲ့လူဆီက အဲ့လိုအခေါ်ခံရတာမကြိုက်လို့ပါ"

ပြောနေရင်းကနေ ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသော အသံလေး။ကိုယ့်အား နာမည်ခေါ်တာကို လိုက်ပြောနေသော ကောင်လေးကို ပြုံး၍သာကြည့်နေလိုက်သည်။ဘယ်လိုဟာလေးမှန်းမသိ‌ ပေ။နာမည်ခေါ်တာကာစ မရင်းနှီးရင် မကြိုက်ဘူးတဲ့။ချစ်စရာလေး။

ကိုယ့်နှလုံးသားဖြစ်တည်ရာ Park Jimin(Completed)Where stories live. Discover now