တခန ကြာတဲ့အခါ

ရုတ်ချည်းဆိုသလို သူ့မျက်လုံးတွေ ပွင့်လာပြီး အရင်ကထက် အကြည့်တွေက ‌ကျိုးကြောင်းမဆီလျော်ဘဲ ရူးသွပ်သည့်နှယ် ဖြစ်နေ၏။ ဒရိုင်ဘာကို သူ အမိန့်ပေးလိုက်သည်။ Heaven and Earth Club ကို မောင်း"

"ဟုတ်ကဲ့ပါ sir"

နာရီဝက် ကြာပြီးနောက်

ဟော်ပေ့ချန်က သီးသန့်ခန်း 808မှာ ထိုင်‌နေလေသည်။

ဝင်ပေါက်ကို ကြည့်နေရင်း အကယ်၍ ထိုမိန်းမသာ ပေါ်လာပါက သူ သေချာပေါက် နင်မုန့်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မည်ဟု တွေးမိသွား၏။

ရုတ်တရက်ဆိုသလို ပါးပါးနင်က ကျောရိုးတို့ စိမ့်လာသလို ခံစားလိုက်ရပြီး ပဟေဠိဖြစ်သွားသည်။ "သားမက်လေး ဘာလို့ ဒီရောက်နေတာလဲ? သားမက်လေးလည်း ဒီလာပြီး လူငယ်လေးတွေကို လာကြည့်တာလား?"

ဟော်ပေ့ချန် ဆွံ့အလို့သွားသည်။

ဟော်ပေ့ချန်က သူ့ကို လစ်လျူရှူလိုက်တာကို မြင်လိုက်ရတဲ့အခါ နင်ဝမ့်ထောင်က ဆိုဖာပေါ်သို့ ပျင်းရိစွာ မှီလိုက်သည်။ ဘေးမှ သူ့ကို တချက် ကြည့်လိုက်သည်။ ပြီး‌နောက်မှာတော့ သူ့ရှေ့က အနုပညာရှင်ကို ပြောလိုက်သည်။ "စကားမစပ် ငါ့သမီးက ဘယ်သူလဲဆိုတာ မင်းမသိဘူး မလား? ငါ အခုပြောပြမယ် လင်းချင်ပေ့က ဘယ်သူဆိုတာလဲတော့ မင်းသိမှာပဲ။ ငါ့သမီးက သူ့ကို နာမည်ကြီးအောင် လုပ်ပေးခဲ့တာ။ ပြီးတော့ Shifting to Mars ရုပ်ရှင်ကားရော သိတယ်မလား? ငါ့ သမီး ရင်းနှီးမြှုပ်နှံထားခဲ့တာ။ သူမကို မွေးတုန်းကဆို ဆေးရုံတစ်ရုံလုံးမှာ သူ့ ငိုသံက အကျယ်ဆုံးပဲ...."

ပါးပါးနင်က သမီးဖြစ်သူကို ပွဲထုတ်ရတာ နှစ်သက်သူ ဖြစ်၏။ အခုတော့ သူက သူ့သမီးအကြောင်းကို စပြောလေပြီး မပြီးဆုံးနိုင်တဲ့ စကားပြောပွဲ ဖြစ်သွားသည်။ နောက်ဆုံး အပိတ်မှာတော့ သူက အင်တင်တင်နဲ့ အဆုံးသတ်လိုက်သည်။ "မုန့်မုန့်အတွက် အတ္ထုပတ္တိရေးပေးမယ့် လူတစ်ယောက်ကို ငါခန့်ထားဖို့ လိုပြီလို့ ထင်တယ်။ မုန့်မုန့်ရဲ့ သာလွန်တဲ့ အထောက်အပံ့တွေနဲ့ အောင်မြင်မှုတွေကို စာအုပ်အနေနဲ့ ဖြန့်ချီသင့်တာ။ ဒါမှပဲ သူမရဲ့ အကြောင်းကနေ အတုယူလို့ရမှာ။ မင်း ဘယ်လိုထင်လဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now