ထိုသို့ ပြောပြီးနောက် ဒေါသနှင့်သာ တဖက်သို့ ပြန်လှည့်ကာ ဆက်ပြောလိုက်သည်။ "အဲ့လက်ဆောင်ကို နင်ကြိုက်သလိုသာ လုပ်လိုက်! အကယ်၍ ငါသာ လက်ခံလိုက်ရင် ခွေးနဲ့တောင် မခြားတဲ့လူပဲ!"

ကျန်းရှန့်မေကတော့ ဘာစကားမှ မပြောနိုင်ပေ။

ပြောစရာ ရှိတာ ပြောပြီးသည့်အခါ နင်မုန့်က သူမ အခန်းထဲကို ပြန်ဝင်သွားသည်။

ကျန်းရှန့်မေကတော့ နင်မုန့် နောက်မှ လိုက်သွားလိုက်ပြီးနောက် ဆိုဖာပေါ်ထိုင်ရင်း ဖုန်းကို ကောက်ယူကာ စာရိုက်နေတဲ့ နင်မုန့်ကို ကြည့်နေလိုက်သည်။

နင်မုန့်ကို သူမ ဘာမှ မပြောရဲတာမို့ သူမ ဘေးတွင်သာ တိတ်ဆိတ်စွာသာ ဝင်ထိုင်လိုက်သည်။ ခနကြာတဲ့အခါ social mediaပေါ်က နင်မုန့်ရဲ့ statusအသစ်ကို တွေ့လိုက်ရ၏။ [တစ်ယောက်ယောက်များ မအားကြဘူးလား? ကျွန်မနဲ့ အချိန်ကောင်းလေး ဖန်တီးရအောင်လေ!]

မကြာခင်မှာပဲ လူအများကြီးက likeလုပ်လာကြပြီး commentတွေပါ ပေးလာကြသည်။

သူငယ်ချင်း ၁ : နင် နဂိုအခြေအနေ ပြန်ရောက်ပြီပေါ့?

သူငယ်ချင်း ၂ : Glamour Club သီးသန့်ခန်း 301။ မြန်မြန်လာခဲ့!

ပါးပါးနင် : အထီးကျန်လို့လား? အဖေ သမီး အတွက် အနုပညာရှင်တချို့ စီစဉ်ပေးထားမယ်!

နင်မုန့် ဘယ်လိုတုံ့ပြန်ရမှန်း မသိပေ။

နင်မုန့်ကတော့ စာတွေ ဖတ်နေပြီး သူမ ဖခင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ မစီမံနိုင်ခင်မှာပဲ ပါးပါးနင်ဆီမှ ဖုန်းဝင်လာ၏။

သူမ ဖုန်းကိုင်လိုက်တော့ နင်ဝမ့်ထောင်က အူမြူးစွာ ပြောလိုက်သည်။ "မုန့်မုန့် အဖေ သမီးကို ပုံတချို့ ပို့ပေးထားတယ်! ဘယ်တစ်ယောက်ကို ကြိုက်လဲ တချက်လောက် ကြည့်ကြည့်။ ဟော်‌တယ်ခန်းမှာ စောင့်နေလိုက်ဖို့ အဖေ သူ့ကို ပြောလိုက်မယ်!"

နင်မုန့်ကတော့ ဆွံ့အသွားရသည်။

ဒီလူအိုကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?

သူမက ပြတ်သားစွာ ပြောလိုက်သည်။ "မလိုပါဘူး"

နင်ဝမ့်ထောင်က ပြန်‌ပြောလိုက်သည်။ "ဘာလို့လဲ? လွန်ခဲ့တဲ့ တစ်လလုံး အပျော်တောင် မရှာခဲ့ဘူး။ သမီးနဲ့တောင် မတူတဲ့အတိုင်းလေ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now