အိမ်အကူကောင်မလေးရှိပေမဲ့ မေမေ့ဒေါသကိုသိတာကြောင့် အ်ိမ်အလုပ်တွေကိုသာ လက်မလည်အောင်လုပ်နေပြီး မေမေ့အနားကိုပင်မကပ်ရဲ။
ထို့အတွက် ပိုးလည်းအလုပ်ကို အချိန်ပိုင်းမျှသာသွားနိုင်ပြီး မေမေ့အားဂရုစိုက်ပေးနေရသည်။
အလုပ်သိပ်မသွားဖြစ်တာကလည်း ပိုးအတွက်နဲနဲတော့ စိတ်သက်သာရာရသည်။
ဝေးရဲ့ကိစ္စကို မိမိတို့မိသားစုသာသိပြီး ကြိတ်ဖြေရှင်းနိုင်ခဲ့သည်ဟူသည့်အတွေးတွေက အပြင်ပတ်ဝန်းကျင်မှ လူအချို့၏တီးတိုးမှုတွေကြား လွင့်ပြယ်သွားရ၏။
ဝေးတို့ကိစ္စက ဟိုးလေးတကျော်ကျော်မဖြစ်သည့်တိုင် လူအချို့ကတော့ သိနေခဲ့ပြီဖြစ်သည်။
လုပ်ငန်းခွင်မှ လုပ်ဖော်ကိုင်ဖက်အချို့ကလည်း သိချင်နေကြပေမဲ့ စကားတော့ စမလာခဲ့။
အချိန်အချို့တိုင်အောင် အနီးကပ်ပြုစုပေးလိုက်တော့ မေမေက ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်လာခဲ့ပြီ။
တစ်နေ့....။
'' သြော် သမီး။ ပြန်လာပြီလား ''
အလုပ်မှပြန်လာသည့် ပိုးအား မေမေက တံခါးဝကနေကြို၏။
'' ဟုတ် မေမေ။ သမီး မေမေနဲ့မိတ်ဆက်ပေးဖို့ လူတစ်ယောက်ပါလာတယ် ''
မေမေက စူးစမ်းလိုသည့်အကြည့်နှင့်ကြည့်လိုက်ပြီး၊
'' ဘယ်သူလဲ သမီး ''
'' ကိုမြတ် လာလေ ''
ပိုး လှမ်းခေါ်လိုက်မှ ပိုးဘေးတွင်လာရပ်သည့် အမျိုးသားတစ်ဦး။
'' သူက... ''
'' ဒါ သမီးရဲ့ချစ်သူပါ မေမေ။ နာမည်က ကိုမြတ်ဦးတဲ့ ''
'' မင်္ဂလာပါ အန်တီ။ ကျွန်တော့်နာမည် မြတ်ဦးပါ ''
ကိုမြတ်ဦးက နှုတ်ဆတ်စကားဆိုလာပေမဲ့ မေမေကတော့ ဆွံ့အလို့နေသည်။
'' မေမေ.....မေမေ ''
'' ဟင် သြော်...လာကြလေ။ ဧည့်ခန်းထဲမှာပြောကြရအောင် ''
အားလုံးဧည့်ခန်းတွင် ဝင်ထိုင်လိုက်ပြီးနောက် အိမ်အကူကောင်မလေးက ကော်ဖီတည်ခင်းပေး၏။
YOU ARE READING
လက်တွဲဖော် ( My Dear )
General Fictionအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........
အခန်း ( ၂၅) ရင်တွင်းဒဏ်ရာ
Start from the beginning