အခန်း ( ၁၀ ) - မောင့်ရဲ့ မွေးနေ့ဝယ်

339 34 59
                                    

{ Unicode Version }

မနက်ခင်း လင်းအာရုံနှင့်အတူ ကုတင်ထက်မှ ပိုင်စေနှင့်ဝေးတို့သည် နှစ်ဦးလုံးအဝတ်အစားကင်းမဲ့လျက် အိပ်မောကျနေလေရဲ့...။

ကျေးငှက်သာရကငယ်တို့၏ သာယာလှသည့် တွန်ကြူးသံတွေကြောင့် ဝေးသည် အိပ်ရာမှနိုးလာခဲ့လေသည်။

ဝေး ​အိပ်ရာထက်မှ ထမည်အပြု ကျောဘက်မှ သိုင်းဖက်ထားသည့် ပိုင်စေ့ရဲ့လက်တွေကြောင့် ဝေးမှာထဖို့ရန်အတွက် အခက်ကြုံနေ၏။

ဝေးလည်း ပိုင်စေ့ဘက်လှည့်ကာ ပိုင်စေ့ရဲ့မေးစေ့လေးအား ကိုက်ချလိုက်သည်။

ထွက်ပြူကာစ မုတ်ဆိတ်မွှေးရေးရေးတို့ဟာ ဝေးရဲ့နှုတ်ခမ်းလွှာကို ခပ်စူးစူးဖြစ်စေကာ ကျီစယ်နေပြန်၏။

" အာ့...ဘာလို့ကိုက်တာလဲ ''

ပိုင်စေသည် ထိုသို့ပြောကာ ဝေးအား ကျောပေး၍ တစ်ဖက်သို့ လှည့်သွားလေ၏။

ထို့နောက် အိပ်ရာမှထရန်ပြင်နေသောဝေးသည် ထမသွားသေးဘဲ ကျောပေးထားသည့် ပိုင်စေ့ရဲ့ခါးလေးကို ဖက်ထားလျက် မှိန်းနေလိုက်တော့၏။

ရုတ်တရက်ဆန်စွာ ပိုင်စေသည် ဝေးရဲ့လက်ကိုဆွဲယူလိုက်ကာ မိမိ၏ ဖွားဖက်တော်ပေါ်သို့တင်ပေးလိုက်၏။

ဝေး အယောင်ယောင်အမှားမှားနှင့် ဆုပ်ကိုင်လိုက်မိပြီးမှ အနည်းငယ်ထကြွနေသည့် ပိုင်စေ၏ဖွားဖက်တော်ကြောင့် လက်ကိုအမြန်ရုတ်ကာ အိပ်ရာထက်မှဆင်း၏။

ထို့နောက် တုပ်တုပ်မျှပင်မလုပ်သော ပိုင်စေ၏ခါးအား လက်သီးနှင့်ထိုးကာ ဆုံးမခဲ့ပြီး ရေကန်ရှိရာသို့ထွက်လာခဲ့တော့သည်။

ဝေး ထွက်သွားပြီဆိုမှ ပိုင်စေသည်အိပ်ရာပေါ်တွင် အပြုံးကြီးပြုံးကာ ကျန်နေခဲ့လေရဲ့။

ဝေး မျက်နှာသစ်ပြီးသည်နှင့် ပထမဦးစွာ ထမင်းအိုးတည်ရန် ဆန်ဆေးလေသည်။

ထို့နောက် ထမင်းအိုးကို မီးဖိုပေါ်တွင်နေရာပေးကာ မနေ့ကဝယ်ထားသည့် ဝက်အူချောင်းကိုချက်ရန်ပြင်ဆင်လိုက်သည်။

နောက်ဆုံးအနေနှင့် မုန်ညင်းဖြူကိုပါးပါးလေးလှီကာ ငရုတ်သီးစပ်စပ်လေးနှင့်ကြော်ဖို့ စီစဉ်ထား၏။

လက်တွဲဖော် ( My Dear )Where stories live. Discover now