အခန်း ( ၁၃ ) - အသက်ဝင်နေဆဲ အတိတ်များ

344 37 33
                                    

{ Unicode Version }

" မေ ကိုယ့်ကိုခွဲခွာသွားတာ ဒီနေ့ဆို (၂)နှစ်တောင်ပြည့်ပြီနော် မေ ''

ထိုစကားလုံးသည် နှုတ်မှဖန်တီးခြင်းမဟုတ်ဘဲ စွမ်းရည်ဝေ၏ ရင်မှဖြစ်တည်လာသည့် ရင်တွင်းစကား။

အစိမ်းရောင်မြက်ခင်းပြင်ကြီးထဲတွင် အရောင်စုံစွာ သဏ္ဍာန်စုံလှသည့် အုတ်ဂူကြီးကြီးငယ်ငယ်များစွာတို့ဖြင့် ပြည့်နှက်နေ၏။

စွမ်းရည်ဝေသည် အုတ်ဂူအဖြူလေးတစ်လုံးရှေ့တွင် ပန်းစည်းတစ်စည်းနှင့်အတူ ရပ်နေလေသည်။

ထို့နောက် မျက်ဝန်းအိမ်မှ မျက်ရည်စများကို လျစ်လျူရှူ့ကာ အုတ်ဂူပေါ်တွင် ပန်းစည်းလေးအား နေရာချပေးလိုက်၏။

အုတ်ဂူပေါ်တွင်ရေးထိုးထားသည့် '' မမိုးစက်မေ '' ( အသက် ၂၄နှစ်) ဟူသည့်စာတန်းနှင့်အတူ သနပ်ခါးပါးကွက်ကြားလေးလိမ်းထားကာ နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြနေသည့် အမျိုးသမီးငယ်လေးတစ်ဦး၏ ဓာတ်ပုံလေးလည်းရှိနေသည်။

" ဘာလိုလိုနဲ့ ၂နှစ်ဆိုတဲ့အချိန်တစ်ခုတောင်ကြာခဲ့ပြီနော် မေ၊ ကိုယ် မေ့ကိုလုံးဝမေ့မရသေးဘူး...တစ်ခါတလေ ကိုယ်ဆုတောင်းနေမိတယ်၊ မေ သေဆုံးသွားတာဟာ အိမ်မက်ဆိုးတစ်ခုသာ ဖြစ်စေဖို့ပေါ့...

တကယ်တော့ မေရယ်၊ ကိုယ် မေ့ကိုချစ်တဲ့စိတ်နဲ့ အခုထိ မေပြန်လာမယ့်အချိန်ကို စောင့်နေမိတယ်၊

ထွက်သွားတဲ့လူနဲ့ ကျန်ခဲ့ရတဲ့လူမှာ ကျန်ရစ်ခဲ့ရတဲ့ လူက ပိုပြီးနာကျင်ခံစားရတယ်လို့လည်း ကိုယ် မေ့ကို အပြစ်မတင်ချင်ပါဘူး၊

မေလည်း ကိုယ့်ဆီကနေ ထွက်ခွာသွားချိန်တုန်းက ဘယ်လောက်တောင်ခံစားခဲ့ရမလဲ

အဲ့နေ့ကသာ ကိုယ်တို့တွေ...... ''

သင်္ချိုင်းမြေဟာ ကွင်းပြင်ကျယ်ကြီးမျှသာဖြစ်သည့်အလျောက် လေကလည်းတဟူးဟူးနှင့် တိုက်ခတ်နေ၏။

ရုတ်တရက် မေ့ရဲ့အုတ်ဂူဆီမှ မေသုံးနေကျ​ ရေမွှေးနံ့လေးနှင့်အတူ မေ့ရဲ့ကိုယ်သင်းနံ့လေးကို စွမ်း ခံစားမိလိုက်သည်။

" ချစ်ဖို့ကောင်းလိုက်တာမေရာ...ကိုယ့်လာမယ်မှန်းသိလို့ စောင့်နေတာလား ''

လက်တွဲဖော် ( My Dear )Where stories live. Discover now