အခန်း ( ၁၆ ) - သူတို့တွေ့ကြပြီ

370 34 27
                                    

{ Unicode Version }

'' မောင်က ခရီးထွက်မှာဆိုတော့ ဝေး ဘယ်လိုလုပ်ရမလဲ။ ''

ဝေးသည် ပိုင်စေဝယ်လာသည့် ကြေးအိုးကို တစ်ယောက်တည်း အားရပါးရစားသောက်နေရင်း ပိုင်စေ့ကိုမေးလိုက်၏။

'' ဘာကိုလဲ ဝေး ''

'' ကိုစွမ်းတို့အိမ်က ဝါဆိုသင်္ကန်းကပ်ပွဲ ဖိတ်ထားတာလေ၊ အဲ့ဒါ ကိုစွမ်းက မောင့်ကိုပါခေါ်ခဲ့တဲ့။ ''

'' ဘယ်နေ့လဲ ''

'' မနက်ဖြန်လေ မောင့်ခရီးက တစ်ရက်လောက် နောက်ဆုတ်လိုက်လို့မရဘူးလား ''

ကိုယ်ပိုင်လုပ်ငန်းမဟုတ်ဘဲ တခြားသူဆီမှာ အလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ဝန်ထမ်းတစ်ယောက်ဖြစ်ရာ ရွေးချယ်ခွင့်မရှိဘူးဆိုတာ ဝေး သိပါသည်။

ဒါပေမဲ့ ရနိုင်မလားဆိုသည့် မျှော်လင့်ချက်လေးနှင့် တောင်းဆိုလိုက်မိ၏။

ပိုင်စေလည်း တစ်ချက်တွေဝေသွားကာ စဥ်းစားဟန်ပြုပြီးမှ ခေါင်းကို တွင်တွင်ခါလိုက်၏။

'' အဲ့လိုတော့လုပ်လို့မရဘူး ဝေးရ၊ ဟိုကောင် သီဟကိုလည်း ​ပြောပြီးသွားပြီ၊ ပြီးတော့ မောင်တို့က အလုပ်ရှင်ခိုင်းတဲ့အတိုင်းလုပ်ရတာလေ၊ ဆင်ခြေပေးလို့မရဘူး ''

'' ဝေး နားလည်ပါတယ်၊ ဒီတိုင်း ရမလားလို့ မေးကြည့်ရုံပါ၊ ဘာမှမဖြစ်ဘူး၊ မောင်သာအလုပ်ကို အာရုံစိုက်၊ လမ်းခရ်ီးမှာ ဂရုစိုက် ''

'' ဟုတ်ပါပြီဗျ၊ တကယ်လို့ ဝေး အဆင်ပြေရင် ဝေးပဲ တစ်ယောက်တည်းသွားလိုက်ပါ့လား၊ မောင်လည်း လိုက်ချင်ပါတယ် ''

'' ရတာက ရပါတယ်၊ ဝေးက မောင် မသွားခိုင်းမှာစိုးလို့...၊ ပြီးတော့ တကူးတကကြီးဖိတ်ထားတာ ဆိုတော့ မသွားလို့လဲမကောင်းဘူးလေ...အားနာစရာကြီး ''

'' ဟုတ်တယ်၊ အဲ့ဒါကြောင့် မောင်က ဝေးကို သွားခွင့်ပြုတာပေါ့၊ ပြီးတော့ အိမ်နဲ့လည်း သိပ်မဝေးဘူးမလား၊ မမျိုးကို အဖော်ခေါ်သွားလိုက်လေ မောင်ပြောပေးမယ်လေ ''

'' ရပါတယ် မောင်ရယ်၊ မမျိုးက ကလေးတစ်ဖက်နဲ့မလို့ မသွားတော့ဘူးတဲ့၊ ဝေး ဘာသာသွားလိုက်ပါမယ်၊ ဝေး အဓိက လိုအပ်တာက မောင့်ဆီက ခွင့်ပြုချက်လေးပါပဲ၊ ဒါဆို အဆင်ပြေပြီ ''

လက်တွဲဖော် ( My Dear )Where stories live. Discover now