အခန်း - ( ၁၈ )

321 30 13
                                    

{ Unicode Version }

'' ဟိုဒကာလေးရော မပါဘူးလားကွဲ့ ''

ဘုန်းဘုန်းရဲ့အမေးစကားကြောင့် ဝေး ဆွမ်းလောင်းသည့်အမှုကို လက်စသတ်လိုက်၏။

ညက အိမ်မက်မကောင်းသည့်အပြင် ပိုင်စေကလည်း ခရီးထွက်နေသည့်ကာလဖြစ်၍ ဝေး စိတ်ပူမိသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်။

ထိုသို့ စိတ်ပူသည့်အတွက် မနက်စောစောစျေးသွားကာ ဆွမ်း၊ဆွမ်းဟင်းတို့ကိုပြင်ဆင်ကာ အိမ်ရှေ့မှဖြတ်နေကြ သံဃာတော်အတန်းကို ဆွမ်းလောင်းရင်း ပိုင်စေ ဘေးရန်ကင်းစေရန်ဆုတောင်းပေးမိသည်။

ခါတိုင်းရက်တွေမှာ ဝေးနဲ့ပိုင်စေတို့အတူ ဆွမ်းလောင်းနေကြဖြစ်ပေမဲ့ ဒီနေ့တော့ ဝေးတစ်ယောက်တည်းသာ ဆွမ်းလောင်းရသည်။

'' တင်ပါ့ဘုရား...၊ သူ ခရီးထွက်သွားပါတယ်ဘုရား ''

'' အေးကွယ်...သွားလမ်းသာလို့ လာလမ်းဖြောင့်စေဖို့ ဘုန်းဘုန်းဆုတောင်းပေးနေပါတယ်ကွယ် ''

'' တင်ပါ့...ညကလည်း အိမ်မက်မကောင်းပါဘုရား ''

'' အင်း...သိပ်လည်းအယူမသီးပါနဲ့ ဒကာလေး၊ အိမ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်လို့ အယူလည်းရှိတာပဲမလား၊ သူတော်ကောင်းကို နတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်ပေးပါလိမ့်မယ်၊ ကဲ ဘုန်းဘုန်းကြွမယ် ''

လောကီအရေးက ရှုပ်ထွေးလှသောကြောင့် သာသနာ့ဘောင်ဝင်နေသူပီပီ ဘုန်းဘုန်းက စကားကိုများများစားစား ပြောမသွား။

'' တင်ပါ့ဘုရား ''

ဝေး လက်အုပ်ချီကာ နဖူးဦးတိုက်လိုက်ပြီး ကျောခိုင်းသွားသည့် ဘုန်းဘုန်းကို စိတ်ထဲမှရည်မှန်းကာ ကန်တော့လိုက်သည်။

ဘုန်းဘုန်းကြွသွားတော့ ဝေး အိမ်ထဲပြန်ဝင်လာခဲ့ကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။

လက်နှစ်ဖက်လုံးကို စားပွဲပေါ်တင်ကာ ညကမက်ခဲ့သည့် အိမ်မက်ကို ပြန်စဥ်းစားနေမိသည်။

'' တူ...တူ... ''

'' ဟယ်လို... မောင် ''

'' ---------------- ''

လက်တွဲဖော် ( My Dear )Wo Geschichten leben. Entdecke jetzt