အခန်း ( ၁ ) - နှစ်ယောက်တည်းကမ္ဘာ

3K 103 37
                                    

<Unicode>

လမ်းမီးတိုင်ဆီမှ ဖြာကျနေသည့်အလင်းရောင်ကြောင့် လင်းထိန်နေသည့်ရပ်ကွက်တစ်ခုထဲမှ လမ်းလေးတစ်သွယ်။

ထိုလမ်းသွယ်လေး၏အရှေ့ဘက်ခြမ်းရှိ ခြံဝန်းကျယ်ကျယ်လေးထဲတွင် ဒူးထောက်အိမ်ကလေးတစ်လုံးရှိ၏။

ထိုအိမ်ကလေး၏ အပေါ်ထပ်ဝရံတာတွင် အသားဖြူဖြုနှင့်အသက် (၃၀)ခန့်ရှိ အမျိုးသားတစ်ဦးသည် အိမ်ရှေ့ကလမ်းသွယ်လေးဆီသို့ ငေးမျှော်ကြည့်နေလေရဲ့။

အိမ်တံစက်မြိတ်မှ တစ်လှည့်စီကျဆင်းလာသည့် မိုးစက်သံတွေကိုနားထောင်ရင်း မောင်ပြန်လာမည့်အချိန်ကို စောင့်နေမိ၏။

မောင်ပြန်လာခါနီးအချိန်မှ အချိန်ကိုက်ရွာချလာသည့်မိုးကိုလည်း စိတ်ထဲမှကြိတ်ကာ အပြစ်တင်နေမိ၏။

သည်နေ့ကျမှ အိမ်ပြန်နောက်ကျနေသည့် မောင့်ကိုလည်း စိတ်ပူနေရသည်မှာ ရင်မောဖွယ်ရာကောင်းလှသည်။

မိုးရေတွေကြား ဖြတ်သန်းတိုက်ခတ်လာသည့်အတွက် အအေးဓာတ်များပါနေ လေပြေအေးအေးလေးတို့က အိမ်တံခါးရှေ့ ဝရံတာတွင် ရပ်နေသည့် ဝေးရဲ့ မျက်နှာကိုလာရောက်ရိုက်ခတ်နေ၏။

ဟော...ပြောရင်းဆိုရင်း မောင်တောင်ပြန်လာခဲ့ပြီ။

သြော်....မောင်ဆိုတာ။

မောင်ဆိုတာ ရိုးရာဝေးဆိုသည့်သူ၏ အသက်တမျှ ချစ်ခင်မြတ်နိုးတန်ဖိုးထားရသည့် မောင်.....။

နာမည်လေးကတော့ ပိုင်စေသားတဲ့။

ဝေးကတော့ ''မောင်'' ဟုသာ မြတ်မြတ်နိုးနိုးခေါ်လေ့ရှိ၏။

စေ့ရုံသာစေ့ထားသည့် ခြံတံခါးအဖွင့်အပိတ်ပြုသံနှင့်အတူ မောင်သည်ဆိုင်ကယ်လေးကိုတွန်းကာ ခြံထဲဝင်လာခဲ့၏။

မိုးမိထားသဖြင့် စိုရွှဲနေသည့်မောင့်ခန္ဓာကိုယ်လေးဟာ လေညင်းတစ်ချက်အဝှေ့မှာ ဆက်ကနဲ တုန်တက်သွား၏။

အိမ်ရှေ့အဖှီအောက်တွင် ဆိုင်ကယ်ကိုရပ်ကာ အုပ်နေကျမိုးကာစလေးဖြင့်အုပ်ခဲ့ပြီးမှ အိမ်ပေါ်တက်လာခဲ့သည်။

အုတ်လှေကား သုံးဆင့်ခန့်နှင့်အတူ သစ်သားလှေကား ငါးဆင့်ခန့်ကိုဖြတ်လျှောက်ပြီး အိမ်ပေါ်တက်လာသည့် မောင့်ဆီက ရုံးအိတ်ကိုယူလိုက်သည်။

လက်တွဲဖော် ( My Dear )Where stories live. Discover now