Unicode Version
( ဒီအပိုင်းက ဝေးနဲ့ပိုင်စေတို့ရဲ့ တွေ့ဆုံမှုကို နောက်ကြောင်းပြန်ထားတဲ့ အပိုင်းဖြစ်ပါသည်)
လွန်ခဲ့သော ၁နှစ်ခွဲခန့်။
ဝေး တစ်ယောက် ဆေးခန်းရှိရာသို့ ခါတိုင်းနေ့တွေနည်းတူ ဆေးသေတ္တာတစ်ဖက်နှင့် တစ်ယောက်တည်းလမ်းလျှောက်ကာ ထွက်လာခဲ့သည်။
ဝေးရဲ့ဆေးခန်းဆိုတာက အထူးအဆန်းတော့မဟုတ်။
ဝေးတို့အိမ်နဲ့ ၃လမ်းမျှသာခြားသော လမ်းသွယ်ထောင့်လေးမှာ ဖွင့်ထားခြင်းဖြစ်၏။
ဆေးခန်းရှေ့ရပ်လိုက်တာနှင့် ဒေါက်တာရိုးရာဝေး ( M. B. B. S) ဟူသည့် ဆိုင်းဘုတ်လေးက အသင့်ကြိုဆိုနေလိမ့်မည်။
သာမန်ရပ်ကွက်လေးအတွင်းမှာ ကိုယ့်ထီးကိုယ့်နန်းဆိုသည့် မူကိုနှလုံးသွင်းကာ ဘေးပတ်ဝန်းကျင်နှင့် ခပ်တန်းတန်းသာ နေထိုင်ခဲ့ကြသည့် ဒေါ်ယုယလှိုင်ရဲ့ သားတစ်ယောက်အနေနဲ့ ရပ်ကွက်ထဲမှာ ဆေးခန်းဖွင့်ဖို့ဆိုတာ လွယ်သည့်ကိစ္စမဟုတ်ပေ။
ကတိအထပ်ထပ်ပေးကာ တောင်းဆိုခဲ့ပြီးနောက်မှာတော့ ဝေးရဲ့ ဆန္ဒအတိုင်းဖြစ်ခွင့်ရခဲ့ပြီလေ။
ဝေး ဆေးခန်းဖွင့်ထားသည်မှာ အခုဆို ၃၊၄လပင်ပြည့်ခဲ့ပြီ။
မေမေ ထင်ထားသလိုမဟုတ်ဘဲ တစ်ရပ်ကွက်လုံးက ဝေးကို ချစ်ကြသည်၊ အားကိုးယုံကြည်ကြလေသည်။
ဝေးလည်း ကျေနပ်မိပါသည်။ မွေးကတည်းက ယခုအချိန်ထိ မိခင်ဖြစ်သူ၏ ထိန်းချုပ်မှုအောက်မှာ ပုံစံခွက်အတိုင်းနေခဲ့ရသည့် ဝေးသည် အခုမှ လွတ်လပ်မှုအရသာကို ခံစားရလေ၏။
မိခင်၏ ပုံသွင်းမှုကြောင့် ဆေးကျောင်းတတ်နေသည့်ကာလပတ်လုံး သူငယ်ချင်းတစ်ယောက်သာ ပိုင်ဆိုင်ခဲ့ရလေသည်။
မေမေနှင့်မမ နှစ်ယောက်ထဲသာရှိတော့သော်လည်း အလုပ်များလွန်းသော မေမေသည် ဝေးအတွက် အချိန်မပေးနိုင်သော်ငြား သူ၏ထိန်းချုပ်မှုအောက်ကတော့ အလွတ်မပေးခဲ့ပါ။
ဝေးရဲ့ မမက ပိုးကဗျာမှူး၊ လက်ရှိ အင်ဂျင်နီယာတစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်နေပြီလေ။
BINABASA MO ANG
လက်တွဲဖော် ( My Dear )
General Fictionအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........