အခန်း ( ၂၅) ရင်တွင်းဒဏ်ရာ

258 8 4
                                    


{ Unicode Version }

'' ရှင် အလုပ်မှာပြဿနာပေါ်တယ်လို့ပြောဦးမှာလား ''

ထုံးစံအတိုင်း နေပင်မဝင်သေး ထမင်းစားခန်းထဲရှိစားပွဲပေါ်တွင် အခန့်သားထိုင်ကာ ပုလင်းထောင်နေသည့် ယောက်ျားဖြစ်သူအား ပိုး ခနဲ့လိုက်သည်။

ရေခဲသေတ္တာအတွင်းမှ ရေတစ်ဘူးယူပြီးသည့်တိုင် တစ်ဖက်မှ တုန့်ပြန်မှုမရှိတာကြောင့် ထပ်မံစကားစလိုက်သည်။

'' ဒီနေ့တော့ စကားတောင်မပြောနိုင်ပုံပဲ ''

'' ပြဿနာမရှာစမ်းနဲ့ ပိုးကဗျာမှူး ''

လက်ထဲမှ အရက်ခွက်ကို ဆ နေရင်း မျက်ထောင့်နီကြီးဖြင့်လှည့်ကြည့်လာသည့်သူ့အား နှာခေါင်းရှုံလိုက်ပြီး ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။

'' အဲ့အကောင်မူးနေပြန်ပြီမလား ''

မိမိအခန်းဆီအလာ ဧည့်ခန်းမှ အမေဖြစ်သူစကားသံကြောင့် ပိုး ခြေလှမ်းတို့ရပ်တန့်သွားရသည်။

ပိုး ခေါင်းညိတ်ပြလိုက်သည့်အတွက် မေမေက မချိတင်ကဲရေရွတ်သည်။

'' ညည်း ယောက်ျားကိုမေးစမ်းပါဦးအေ၊ ဒီလိုပဲ အချိန်ပြည့်သောက်စားနေတော့မှာလားလို့ ''

'' ဟုတ် မေမေ။ သမီးကြည့်ထိန်းလိုက်ပါ့မယ် ''

'' အေးဟေ။ ကိုယ့်ယောက်ျားကိုယ်ကြည့်ထိန်း သမီး ''

'' ဟုတ် မေမေ။ သမီးရေချိုးလိုက်ဦးမယ် ''

'' အေး အေး ''

ပိုး အခန်းထဲရောက်တော့ ကုတင်ပေါ်ထိုင်ချလိုက်ပြီး ရေချိုးရန်ပြင်လိုက်သည်။

အတွေးပေါင်းများစွာနှင့်ရှိနေစဥ် နံရံဆီမှ မိသားစုဓာတ်ပုံကိုမြင်ပြီး မောင်ဖြစ်သူအား သတိရသွားသည်။

နေ့စဥ်နှင့်အမျှ မောင်ဖြစ်သူအား သတိရနေသည်မှာ တာဝန်ဝတ္တရားတစ်ခုကဲ့သို့ပင်။

ပိုးရဲ့မောင် ရိုးရာဝေး အိမ်မှထွက်သွားပြီးနောက်တွင် အခြေအနေတချို့ပြောင်းလဲသွားခဲ့သည်။

.
.
.

သားဖြစ်သူကြောင့် စိတ်ခံစားနေရပြီး အအိပ်အစားပင်မမှန်တော့သည့် မိခင်အား ပိုး အနီးကပ်စောင့်ရှောက်ပေးရသည်။

You've reached the end of published parts.

⏰ Last updated: Dec 06, 2022 ⏰

Add this story to your Library to get notified about new parts!

လက်တွဲဖော် ( My Dear )Where stories live. Discover now