အခန်း ( ၁၇ ) - မောင်မရှိသော ည

417 30 36
                                    

{ Unicode Vetsion }

'' ဟိုရှေ့ကခြံလေးပဲ မမ၊ အဲ့နားမှာပဲ ရပ်ပေးပါ ''

ဝေးကို ကိုစွမ်းက အိမ်တိုင်ရာရောက် လာခေါ်သော်လည်း ပြန်လိုက်ပို့သည့်သူကား မမနွယ် ခေါ် နွယ်သစ်ခက်ဆိုသူပင်ဖြစ်၏။

ဖြစ်ချင်တော့ ဝေး ပြန်ခါနီးချိန်တွင် ကိုစွမ်း မအားသေး၍ ဝေး ကားငှားပြန်ရန် စဥ်းစားလိုက်သော်လည်း ဧည့်ခံပွဲမှာ ရင်းနှီးလာခဲ့သော မမနွယ်သည် အပြန်လမ်းသင့်၍ ဝေးကို လိုက်ပို့ပေးမည်ဟု ထပ်တလဲလဲပြောနေ၍ ဝေး အားနာစွာနှင့် လက်ခံခဲ့ရခြင်းဖြစ်သည်။

'' ဟုတ်ပါပြီ ''

မမနွယ်သည် ဝေး​ပြောသည့် ခြံရှေ့တွင် ကားကို ရပ်လိုက်တော့ ဝေး ကားပေါ်မှအမြန်ဆင်းလိုက်သည်။

ထို့နောက် မမနွယ်ထိုင်နေ့သည့်ဘက်သို့သွားကာ

'' အိမ်ထဲဝင်ပါဦးလား မမ ''

မမနွယ် ဝေး ပြောသည့် အိမ်ဆိုသည့်အရာအား ခေတ္တမျှအကဲခတ်လိုက်သည်။

'' မဝင်တော့ပါဘူး ငါ့မောင်ရယ်၊ မမ ချိန်းထားတာလေးရှိသေးတယ်၊ နောက်ကျနေမှာစ်ိုးလို့...နောက်တစ်ခေါက်မှဝင်တော့မယ်၊ ဒါနဲ့ တစ်ယောက်ထဲနေတာလား ''

'' အာ...ဝေးရဲ့ညီလေးနဲ့အတူနေတာပါ၊ အခု သူက ခရီးထွက်သွားလို့လေ ''

ဝေး ဒီတစ်ကြိမ်တွင် မုသားသုံးကာ ဖြေလိုက်ရသည်။
ဒူးနေရာဒူး တော်နေရာတော် ဆိုသလို အခုမှသိသော မိန်းကလေးတစ်ဦးကို ဖြစ်ကြောင်းကုန်စင်ပြောပြနေချင်စိတ်မရှိ။

'' သြော် ဟုတ်ပါပြီ၊ ဒါဆို မမသွားပြီနော် ''

'' ဟုတ်ကဲ့၊ ဒါဆို ဖြည်းဖြည်းမောင်းသွားပါ ''

ဝေး လက်ပြနှုတ်ဆက်လိုက်တော့ မမနွယ်က ပြုံးရုံသာပြုံးပြပြီး အသိအမှတ်ပြု၏။

ထိုနောက် ကားလေး အဝေးကို ရောက်သွားတော့မှ ဝေး ခြံတံခါးဖွင့်ပြီး အိမ်ထဲဝင်လာခဲ့၏။

အိမ်ထဲတွင် လုပ်စရာရှိတာလုပ်နေရင်း ဝေး ဟိုတွေးဒီတွေးဖြင့် အတွေးတွေ ယောက်ယက်ခတ်နေပြန်၏။

မေမေနှင့်မမတို့နဲ့ ခွဲနေရသည်မှာ အတော်ကြာပြီဖြစ်ရာ ကိုစွမ်းမေမေက သူ့မေမေအဖြစ်ရောက်လာပြီး မမပိုးရဲ့နေရာမှာ မမနွယ်က အစားထိုးဝင်ရောက်လာသလိုပါပဲလား ဟု မဆီမဆိုင်အတွေးကို  တွေးလိုက်မိသေးသည်။

လက်တွဲဖော် ( My Dear )Where stories live. Discover now